Wednesday, July 9, 2008

“ရင်မှ ကန်ထွက်ခြင်း”

သွားမယ့် လမ်း မှားနေပြီ
အရေးမကြီးတာတွေ အရေးကြီးလာပြီ
အလုပ်မဟုတ်တာတွေ အရှူပ်ဖြစ်လာပြီ
သူစိမ်းတွေကို ခေါင်းညိတ်ပြုံးပြရတဲ့
မိတ်ဆက်ပေးချိန်တွေကို မုန်းလာပြီ
တာ့တာပြဖို့ ဖြစ်လာပြီ
မရဲရင့်ချင်တာတွေ ချန်ခဲ့ဖို့ဖြစ်လာပြီ
မလိုချင်ခဲ့သမျှ အလိုကျနေပေးဖို့ဖြစ်လာပြီ
မချစ်ချင်ယောင်ဆောင်နေပြီ
သော့ခလောက်ကိုကိုင် မှိုင်တွေခြင်းလည်း ဖြစ်လာပြီ
ကလန့်ကာချဖို့ အခါသမယ..လက်တွေက တုန်လာပြီ
နားလည်မှု များအား လျစ်လျူရှူ...

အရူးတစ်ယောက် ငိုပါပြီ။

မှူးဒါရီ

No comments: