ခုနေတုန်း
ရှေ့မှာ ပင်လယ်ဆိုလည်း
လက်ပစ်ကူးလိုက်မယ် ကြံတယ်။
တဖြည်းဖြည်းနဲ့မှ...ပင့်သက်လောင်မြိုက်
ငါ ရင်တမိုက်ကို ကျွှမ်းပစ်လိုက်တာ...။
စီးကျနေတဲ့ မျက်ရည် အစုတ်ပလုတ်...
ဒင်းလုပ်လို့...ငါ ငိုတယ် ထင်ကုန်ပြီ။
အက်စစ်လိုပဲ ထိသမျှ
ရွေ့ပါးတိုက်စား....
မင်း ဖျားယောင်းတတ်ပုံများတော့...။
အမြန်ဆုံး မင်း ပြန်လာသင့်တာပေါ့။
နင် ခြေဦးလှည့်မယ့် မျက်နှာ...
သိသိသာသာ တမင်တကာကွဲပြားနေမယ်ဆိုရင်တော့...
နောင်ဘ၀မှပဲ...ကလေးရယ်။ ။
နောင်ဘ၀မှပဲ။
ငါ့ရှေ့မှာ ဓားတလက်ဆိုရင်
မှော်အတတ်သွင်းပြီး...
ခံစားမှုလွယ်တဲ့ အသည်းပွတ်ကို
ထိုးခွဲ ရှင်းထုတ်၊ အမြစ်ဖြုတ်ပစ်လိုက်မယ်။ ။
ငါမလွမ်းနိုင်လို့ပါကွာ..။ ။
မှူးဒါရီ
No comments:
Post a Comment