Tuesday, August 12, 2008

“ပြတ်ဆဲရေး ကြော်ငြာချက်(၂)”

ရက်စက်တယ်
ပြောမှာ စိုးလို့
အခက်ချိုး အကိုင်းခုတ် သစ်ခုတ်သမား မလုပ်ဘဲ
ဘူဒိုဇာနှင့် ကော်...အမြစ်ဖော် ၊
သစ်ခြောက်ချိုးချိုးခဲ့တာလေ။

ဒီမြေပေါ်မှာပဲ...
ခြောက်သွေ့ပြီး စိုစွတ်
စိုစွတ် ပြီး ခြောက်သွေ့
ပြောင်းလဲခြင်း များရှိကြောင်း
သက်သေတွေ ဖြစ်ထွန်းလိုက်ကြ...။

စနေမိုးလည်း မဟုတ်ဘူး။
လေလည်းမတိုက်ဘူး။

ယှဉ်တွဲ ရိုက်ထားတဲ့ ဓာတ်ပုံတွေ
မီးရှို့လိုက်တယ်လို့...
ပြောခဲ့တာလည်း တို့ မဟုတ်ဘူး။

တစ်ချို့ကပြောတော့...
သေဆုံးမှုထဲမှာ ရှင်သန်ရဲနေပစေ တဲ့

ခွင့်လွှတ်လိုက်တော့။

ကနေ့...
တစ်ယောက်တည်းဖြစ်တဲ့
စာမျက်နှာအား...
ကျော်လှန် ဖတ်ရှူ လိုက်ခြင်းဖြင့်
နှလုံးသားသဂြို င်္န်ခြင်း
အခမ်းအနားပြီးဆုံးသည်။ ။


မှူးဒါရီ

No comments: