Saturday, August 9, 2008

“ပြေလွှာ”

ညစ်ညူးသွားသလား။
ခပ်ပါးပါးလေး
တွေးထားမယ်ဆို
သိပ်မထူးခြားဘူး။
ဒါ က နိုင်သူစားမယ့်
ကစားပွဲ လေးတစ်ခု။တဲ့။
ကြားဖူးနားဝ။


နောင်တ
မပေးပါနဲ့။
အပ်ကျသံမကြားအောင်
ဆိတ်သွားမယ်။
တိတ်တခိုးလေး
တိုးလျိုး
တောင်းပန်...
ချစ်သူရေ
မှားနေ လျက်
မှန်ခွင့် လေးပေးပါ။


ပုံမှန်ဆိုတာ
မတွေ့ပဲ နေနိုင်တာလား။
ခွန်အား ဆိုတာ
အပါးကနေ စွန့်ခွာသွားနိုင်တာလား။
အလုံးစုံ ကွဲပြားချက်များ
ယာယီ ဘေးချခံထားတဲ့
ထုပ်ပိုးပြီးသား ကျောပိုးအိတ်တစ်လုံးလို။
အချိန်မရွေး...
ရာသီမရွေး...
နင်ဟာ ဝေး ဖို့ အသင့်နဲ့
ဆုံတွေ့ရန် ကတိမပေးကြေး။


အနမ်းကို
အက်စစ်တစ်တို့
လျှပ်စစ် ကွပ်ပြီး
အချိန်မှန် ပို့ဆောင်တတ်တဲ့
လေလှိုင်းလေး...
ခု တော့...ဘယ်မှာ မသိတဲ့
ဧရိယာ တစ်ခုပြင်ပ မှာ။
မက်စေ့စ်(message) ကျန်ခဲ့ပါတဲ့။
ပုန်းနေ ရက်သူကို
မုန်း မာန် မ မျက် ခဲ့ဘူး။


သေချာ တွေး
ငါ နဲ့ နင် ဖန် ဆင်းတာ
ဘယ်သူ့က
ဘယ်သူ့ ကို
နိုင်စားကြောင်း ပြိုင်ပွဲလား။
ဘယ်သူ့ ကို
ဘယ်သူ က
................
ဘယ်နေ့......
ဘယ်ဝယ်.....
မှန်း ရည်ရွယ် ပြီး
အသပြာထပ်
အပျင်းပြေ အညောင်းပြေ
လောင်းကြေးအပ် တာမျိုးလား။


ဒါဆိုရင်
နင် အနိုင်ယူပါတော့။

ကောင်လေးရေ...


ညတစ်ညဆီက

လွမ်းတတ်တဲ့ လလေး
ပျောက်ရှ ခြင်း ခံယူ
မာနဖြူ တွေ ရံမယ့် တနေ့
အတွက်...၊
ကောင်းကင်ဟာ
တိုးတိတ် ရင်နာလို့...၊
ရင်နာရင်း ဒဏ်ရာ စစ်တော့
ရောဂါမှာ ကြက်ခြေခတ်တွေနဲ့
ကုသထုံးက
ငို မှ ဖြစ် မယ့် အဖြေတစ်ခုဆိုတာ....။


မှူးဒါရီ

No comments: