Wednesday, August 20, 2008

“အိပ်ရာဝင်တေး”

“အိပ်ရာဝင်တေး”

အပြင်မှာ နေသာပါတယ်။

ရင်မှာသာ မိုးစက်တွေ တဖွဲဖွဲ.................။

ဘယ်နေ့မှာလည်း ?

ပြန်ဆုံကြမယ့် တစ်နေ့လို့

ခေါင်းညိတ် လက်ခံလိုက်ပြီး

ကတိကို အမြစ်ခွာ

ကမ်းပျောက် လှေငယ်လေးဟာ

ကိုယ်တိုင်ဖြစ်ရမယ် ဆိုတာသိရင်..................။

ငါ မတမ်းတချင် ခဲ့ဘူး။

မွေးမြေရပ်ခြားမှာ

ကျောခိုင်းထားသူတစ်ယောက်

အဆင်ပြေရဲ့လားးးး စိုးရိမ် ခြင်းများ က

နာကျင်မှုကို ဖုံကွယ်ထားရင်းးးး

မလုံခြုံတဲ့ အမုန်းအိမ်ထဲကနေ

ငုံလာခဲ့တဲ့ ချစ်တတ်ခြင်းများအတွက်

တိတ်တဆိတ် ခါး နေမိတယ်....................။

လိပ်ပြာလေးဖြစ်ခွင့်ရရင်

တိုးဝှေ့လာခဲ့ချင်ကြောင်း

နှစ်ဦးသား ခေါင်း ချင်းဆိုင်

ပြောဖြစ်ခဲ့ပြီးတဲ့နောက်........................၊

လွမ်းဆွတ်ခြင်းကျိန်စာကို ဖျောက်ဖျက်ဖို့

ဘယ်ဂါထာမှ အစွမ်းမထက်တော့ဘူးလေ။

ဝမ်းမနည်းတတ်သူ မငိုကြေးလို့

အိပ်မက်လေးရယ်

သီချင်းတပုဒ်ဆိုပြလှည့်ပါ................။


မှူးဒါရီ

1 comment:

ein said...

အမ ခုကော အိပ်ရာဝင်တေးနားထောင်ပီးပလားဗျ...:P
ကဗျာတစ်ပုဒ်လုံး ကြိုက်တယ်ဗျာ...