Sunday, August 17, 2008

“သိချင်တယ်”

“သိချင်တယ်”

ပိုင်ဆိုင်ချင်ရက်နဲ့

စွန့်လွှတ်ချစ်ရဲတယ် ဆိုတာ ဖြစ်နိုင်လား?


တစ်ယောက်ကို တစ်ယောက် မမြင်ရပဲ

အရမ်းရင်ခုန်သွားဖို့ကော ဖြစ်နိုင်လား?



ကိုယ် အချစ်သူရဲကောင်းကြီးလုပ်ဖို့

ချစ်သူကို အပြစ်ပုံချ

ရုန်းထွက်ကြတာတွေ

ရပ်တန်းက ရပ်ပါ။


ဘ၀ချင်း မရောယှက်ပဲ

နှလုံးသားနဲ့ လက်ထပ်လိုတယ်။


လက်ဆွဲ နှုတ်မဆက်ပဲ

နားလည်မှုချင်း လဲလှယ်လိုတယ်။

ရာဇ၀င်မှာ ဒီလို

စာတင်ထားတဲ့ အချစ်မျိုးနဲ့ အတွယ်အတာမဲ့

အဝေးချစ် ချစ်တတ်မယ့်သူ ရှိလား?


ရှိရင် လက်ညိုးထောင်ပါ။ ။

မှူးဒါရီ

2 comments:

mgngal said...

ရှိလောက်ပါတယ်။မတွေ့ သေးလို့ ဖြစ်ပါလိမ့်မယ်။ :P

ein said...

အမ ခုထိတွေ့သေးဘူးလားဗျ ဒါဆိုရင်တော့ ဟုတ်သေးဘူးနော အားလုံးနဲ့မညှိတောင် နည်းနည်းလောက်ကော...:P