Monday, September 1, 2008

“လက်လျှော့လိုက်ခြင်း”

“လက်လျှော့လိုက်ခြင်း”


အသွားနှစ်ဖက် ဓားအတုံးအပဲ့
ငါ့ကို နာကျင်စေခဲ့ သလား................?


သံယောဇဉ် က အမြစ်တွယ်
ခုတ်ထွင်ပိုင်းဖြတ်ရန် အဲဒီဓားတုံးတုံး
တစ်ဘ၀လုံး အချိန် ယူခဲ့ရ သလား.............?


နှုတ်ခမ်းချိုလေးရဲ့  ခဏလေးပါ ဆိုတဲ့ အတိုင်းအတာက
တသက်စာ ကြာမယ်ဆိုတာ သိခဲ့ရင်
ဘယ်တော့မှ ရင်ဘတ် ဟောင်းလောင်းနဲ့
အချစ်ကို ငါ မပေါင်းဖက်လိုတော့.................။


ဝေး...လွှင့်...ခွင့်...ပေါ်ပုံချ
မျက်ရည်တွေ ချူ လို့မရခဲ့တဲ့ နေ့ရက်ပေါင်းများစွာထဲ
ငါ့အတွက်ဆို သေဆုံးခွင့်ဟာတောင် ခဲယဉ်းခဲ့ သလား...........?


မှူးဒါရီ

No comments: