“ရွဲ့ စောင်းခြင်း”
စိတ်ဒုံးဒုံးချလိုက်တော့
ပြီးသွားရောလား?
လုပ်စရာတွေ ပိုများလာတာပဲ
အဖတ်တင်တယ်...............................။
လေးစားခြင်းကို
ငါ အနီရောင် ဆိုးထားတယ်
ဒါပေမယ့် ငကြောက်ဟာ
အဲဒီ အလံကို ရင်ဘတ်မှာ မထူရဲဘူးးး
သွေးတွေ ရဲနေတဲ့ လက်နှစ်ဖက်နဲ့
ချုံးပွဲချ ငို ....
လဒလို အစာချောင်း
နောက်ကြောင်း ပြန်လှည့်ရင်ကောင်းမလား
ကြံနေတယ်............................။
ငါ မှားပြရဲ ချင်တယ်
ဒါပေမယ့်
ဘ၀ ဆိုတာ အလိုဆန္ဒ ကို ချိတ်မှာတွယ်ထားတဲ့
ငါးမျှားတံ တစ်ချောင်း လိုပဲ
ကိုယ့်ယုံကြည်ချက် ကိုယ်လက်မခံရဲလောက်တဲ့အထိ
ကျုံးသွင်း ပစ်တတ်တော့...........................၊
ငါ ခြေလှမ်း တစ်ချက် မမှားရဲခဲ့ဘူး။
စကတ်တိုတို နှင့် လျပ်ပေါ် လော်လီ နေပြီးသားလေ
အပြစ်တင် စကား ခပ်များများ ဆိုတတ်ဖို့ မလိုဘူးးးး
စိတ်လိုလက်ရ...ဂစ်တာတီး
ဆေးပေါ့လိပ်ကြီး ဖွာ...
သက်သာသလို နေကြည့်လည်း
ဒီခရီး မနီးသေးပါ......................................။
အမှိုက်ပစ်သူရှိသမျှ
အမှိုက် မပစ်ရ ဆိုင်းဘုတ် ကြီးနှင့်
အမှိုက်ပုံနားဖြတ်သွားရင် နံမှာပဲ.............၊
နားထဲ ဂွမ်းဆို့...
မျက်နှာကို အ၀တ်စည်း ....
ဘာမှ မလုပ်ပေးနိုင်ခဲ့တာတွေအတွက်...
ရှက်စရာကြီး ထင်နေသမျှ
ကျနော့် လိုပဲ.......
ခင်ဗျား မျက်နှာကြီး ဆက်ပြီး ၀ှက်ထားလိုက်........................။
ဖြစ်တယ်။
မှူးဒါရီ
1 comment:
ဘယ်လဒ လည်းဗျ အစာချောင်းနေတာ။:P
Post a Comment