“ဒီလိုတွေလည်း ရှိတယ်”
မိုးကလေးဖွဲဖွဲ
လေလည်းရောတော့
အွန်နက်ရှင်က ကောင်းဘူးကွယ်။
လှုပ်လီလှုပ်လဲ့
ဘလော့ဂ် လည် ဖတ်ဖို့
ထိုက်ကျိသိုင်းလေး တတ်မှရယ်။
စိတ်မရှည် ရင်မော
သက်ပြင်းနှောကာ
စားပွဲချည်းပဲ ထုမိတယ်။
ဟာကွာ...ငါ... တောက်
ကိုင်ပေါက်လိုက်ရ
ကွန်ပြူတာတောင် ကျိန်းမိတယ်။
၃နာရီကြာ
ဇွဲ ဆောင်ပါမှ
ပိုစ့် ၅ ပုဒ် ပဲ ဖတ်ရတယ်။
ဒီတိုင်းသာဆို
ကျုပ် ရင်ကျိုးလို့
ဘလော့ဂ် ဂါ ဖြစ်ဖို့ ဝေးစွတကယ်...။
ခက်ဖွယ်..ခက်ဖွယ်..။ L
မှူးဒါရီ
4 comments:
ဟားဟားဟား ရယ်လိုက်ရတဲ့ ကဗျာ ။ သံချပ်လိုလို
နဘေထပ်လိုလိုနဲ့ ။တစ်ကယ်တမ်း သံချပ်ဘေထပ် ကြီးကိုး။
:P
အမတော် စိတ်ကိုလျော့ ပေလော့ ။:P
ကော်နက်ရှင် မကောင်းရင်
ခုံကို မထုနဲ့
ကိုယ်ခေါင်းကို ထုဖို့ တူပေးမယ်
ဘလော့ဂါ မဖြစ်အောင်
ညောင်ရေလောင်းလို့
နေ့ရောညရော
ဆုတောင်းပေးမယ်
စာမရေးနိုင်တာ
ချမ်းသာ တစ်မျိုးပေါ့
ဖတ်သူ များအား သနားဦးကွယ်
ကောင်းတယ်..ကောင်းတယ်..
ဟီးဟီး... ဘာရယ် မဟုတ်ဘူး ပျင်းလို့ လိုက်စပ်ကြည့်တာ...။
အလည်ရောက်လာ
ကဗျာဖတ်လို့
သဘောကျစွာ ပြုံးခဲ့တယ်။ :)
ကဗျာဖတ်ပြီး ပြုံးသွားတယ်။
Post a Comment