Tuesday, September 9, 2008

Taggggggggggg ဆိုတဲ့ ဆားတစ်ခွက်


အလုပ်သွားဖို့ စိုင်းပြင်းနေတုန်း ဂျီတော့မှာပေါ့...ချစ်စဖွယ် အလွန်ကောင်းသော၊ အားတိုင်း ဘလော့ဂ်တစ်ကာ လျှောက်သွားနေသော (ခြေမညောင်းတိုင်းး) ၊ ဘလော့ဂ်နောက်ခံ templateများကို ခဏခဏ ပြောင်းတတ်သော (ပိုက်ဆံ မကုန်တိုင်းးး) ....ဘလော့ဂ်ဂါ မောင်ငယ်က ဟောဒီလို လာအော်ပါရော....။

“ဟေး ဟေး (ကိုရင်ညိန်းထံမှ ကူးစက်လာသည်ဟုထင်ရသော ရယ်ပုံရယ်နည်းးဖြင့် :P ) ငါ့အစ်မ အတက်ခ် ခံရပြီ။”

“ဟီးး ကောင်းလိုက်တာ” တဲ့

ပြောရုံနှင့် အားမရလို့ ထင်ပ။ ဒီမှာ ဆိုပြီး တက်ခ်ထားတဲ့ blackdream ကြီးရဲ့  စာသားတစ်ချို့ ကို ဗုန်းထဲမှာ လာချသွားတယ်...။

အင်း မောင်မင်းကြီးသားရေ... ကျေးဇူးပါနော်...ဟွန်းးး (သူ tag မခံရတိုင်းးးး :( ) တွေ့မယ်..။

မြင်မြင်နေတာတော့ ကြာပြီ။ အဲဒီလို tag နေကျတာကို...။အော် ဘာသိဘာသာပါပဲ။ ကိုယ်နဲ့ ဘာဆိုင်လိုက်တာ မှတ်လို့ ဆိုပြီးးး။ ခုတော့ မောင်blackdream က သူဘာသာ ၁၁မီးငြိမ်းချင်တာနဲ့ပဲ ၊ မှူးကို မီးတစ်မီး လုပ်ပစ်လိုက်ရတယ်လို့...။ မဆီမဆိုင်...။

ပထမတော့ မရေးတော့ဘူးလို့ ပေါ့နော်...။ ဒါပေမယ့် ပိုစ့်အသစ်တင်ဖို့ လည်း ကုန်ကြမ်းနည်းနည်း ရှားပါးခိုက်ဆိုတော့ မထူးဇာတ်ခင်း ဆားချက်လိုက်ပါတယ်။ ရမ်းသမ်း မှန်းသမ်း သိသလို ပြန်ဖြေထားတာ ကျုတ်ကျက်လိ ကြည့်ကျက်လုပ် ဖတ် သွား ကြ ပါ လို့....................။ ^_^


......................................../.............................................../............................................../.........................................................


ကိုယ့်ရဲ့နာမည်............ မှူးဒါရီ
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… မှူး ၊ မှူးကြီး မတ်ရာ၊ တူးချာရီ :P
ကိုယ်ဒီမှာနေတယ်………… ရေတွေ ပတ်လည်ဝိုင်းရံထားသော ကုန်းမြေ...။
ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… ဖုန်း နံပါတ် လာတောင်းးး ဟီး :D (မှတ်ချက်=တောင်းတိုင်းလည်း မပေးပါ...။)

ကိုယ့် အကြိုက်ဆုံးတွေက
အရောင်ဆိုရင်………… အဖြူ နဲ့ အစိမ်း....။

အ၀တ်အစားဆိုရင်………… လုံလုံခြုံခြုံ....။

အစားအစာဆိုရင်………… ဗိုက်ပြည့်ဖို့ သာ အဓိက...။

ပစ္စည်းဆိုရင်………… နာရီ ၊ မျက်မှန် နဲ့ ဗလာစာအုပ်။

သီချင်းဆိုရင်………… နားနဲ့ နားထောင်ပြီး ရင်ဘတ်နှင့် ခံစားလို့ရသမျှ...။

စာရေးဆရာ………… စာရေးခြင်းဖြင့် အသက်မွေးသော ဆရာများ.....။

စာအုပ်………… ဖတ်ရမှာ ပျင်းတယ်။

Life style………… စတိုင်ကျအောင် လုံးပမ်းနေတဲ့ ဘ၀...။ :P

ကိုယ့်ရဲ့ဝါသနာ………… လူတကာရဲ့  ၀ါသနာကို စူးစမ်းတတ်ခြင်း..။

အလိုချင်ဆုံးလက်ဆောင်………… လိုချင်တဲ့ အချိန်၊ လိုအပ်တဲ့ အရာ ကို ကိုယ်လိုလားတဲ့သူက ပေးခြင်း....။

ကိုယ့်ရဲ့ အချစ်ဆုံးသူက………… အမေ...။

ကိုယ့်ရဲ့ အလေးစားဆုံးသူက………… ကော်ဖီ ပင် စ စိုက်ခဲ့တဲ့သူ.........( သိရင် ပြောပြကြပါအုံးးး)း)

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… တော့တိုးချန်...။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက………… ဘယ်သူလဲဟင်? ( တိုးတိုးလေး လာပြောပြနော်....:P )

ကိုယ့်ရဲ့ အမုန်းဆုံးသူက………… ကိုယ့်ထမင်းကိုယ် စားပြီး မမှန်သတင်း အတင်းတုပ်တဲ့သူ...။

ရင်အခုန်ဆုံးအချိန်………… သရဲ ခြောက်ခံရတုန်းက...။ :D

အကြောက်ဆုံးအချိန်………… ဖြစ်ချင်တဲ့ ဆန္ဒ နှင့် ဖြစ်သင့်တာ ထပ်ထူမကျချိန်တိုင်း...။

အပျော်ဆုံးအချိန်………… လုပ်ချင်ရာ လုပ်နေရရင်...။

အမှတ်တရနေ့………… တိုင်း အမှတ်ရချင် စရာ မကောင်းဘူး...။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမယ့်ဆု………… တောင်းတဲ့ဆုတိုင်း ပြည့်ဝပါစေ...ဟဲ ဟဲ..။

အချစ်ဆိုတာ………… အ တဲ့ သူတွေ ချစ် ကြတဲ့...။

အမုန်းဆိုတာ………… သိမ်းမထားသင့်တဲ့ မီးကြွင်းမီးကျန်...။

အလွမ်းဆိုတာ………… ကဗျာရေးဖြစ်ခြင်း အစ...ပထမ..။

သံယောဇဉ်ဆိုတာ………… သံသရာရှည်စေတဲ့ အတုပ်အနှောင်..။

ဘ၀ဆိုတာ………… ရှင်သန်ရန် မွေးဖွားလာခြင်း..။ မွေးဖွားခြင်းကြောင့် မရှင်သန်သင့်တဲ့ နေရာ...။

သူငယ်ချင်းဆိုတာ………… ဒုတိယ အသက်...။

ချစ်သူဆိုတာ………… ရည်းစား မဟုတ်ဘူးပေါ့...။ :P


ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… ဇာတ်စင် ပေါ်က သရုပ်ဆောင် တစ်ယောက်....။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…………....
အားလုံး အဆင်ပြေသွားမှာပါ..။
အပြောချင်ဆုံးစကားတစ်ခွန်း…………
လ နှစ်ချောင်းငင် ( --ူ) လူ ပီသအောင် ကြိုးပမ်းနေတုန်းပါပဲ...။

...............................။.......................................။......................................။.............................
ဟုတ်ကဲ့ရှင် ကိုယ့်အလှည့် ပြီးသွားတဲ့ နောက်မှာတော့ သူ့များတွေ အလှည့်ပေါ့နော်...။ အလှည့်ကျရင် မနွဲ့ စတမ်းပေါ့....။ သိတဲ့တိုင်း ခင်မင်သူကလည်း ခပ်ရှားရှားဆိုတော့ သိတဲ့ လူကိုပဲ တက်ခ်ရမှာပဲ...။ သိတယ်ဟုတ်... :D

၁) မောင်ငယ် (ကာရံမဲ့ ရင်ခွင်၏ ရင်ကြွင်းဒဏ်)
၂) ကိုဖုန်းမြင့် (လွမ်းရိပ်မြုံ )
၃) တော့တိုးချန်

စာကြွင်း။ ။ ဖြေလိုက ဖြေနိုင်သည်။ မဖြေလိုက မမြင်ချင်ယောင်ဆောင်နေလည်း ရပါသည်။ စိတ်မဆိုးတတ်ပါ။
(ဂျီတော့မှာ မြင်လျှင်တော့ ခဏခဏ ဂျီကျပါမည်..။)
^_^


မှူးဒါရီ

5 comments:

mgngal said...

သူများကို မကောင်းကြံတာလည်း မဟုတ်ပါဘူးဗျာ ...
ဝမ်းသာအားရ ပြောပြတာလေးတစ်ခုပါ ..:D
အခုတော့ဗျာ ကြည့်ပါဦး သတင်းပေးသူကိုပါ မညှာမတာ..

Mhu Darye said...

အဲဒီကိစ္စ ၀မ်းသာအားရစရာ ဘာပါလို့တုန်းးးး
ကဲပါ ဒီလောက် သတင်းပေးချင်နေရင်၊ ကျမ တက်ခ်ထားလေး အမှန်တိုင်းပြန်ဖြေပေါ့...။ ဟုတ်ပလား?? ^_^အလှည့်ကျ မနွဲ့ စတမ်းပေါ့..အဟဲ

mgphonemyint said...

အို ....အသင် လောက.. လောက၌ ခင်မင်ချင်ယောင် ဆောင်၍ ချောက်တွန်း တတ်သူများ ရှိပါပေသည်တကားးးးး...။

Unknown said...

ငှဲ ငှဲ ငှဲ...။ လိမ္မာတယ် :P

Anonymous said...

အဖြုနဲ့  အစိမ်းကြိုက်တယ်ဆိုတော့ ကျောင်းတက်ချင်သေးလို့ လား မှူးဒါရီ :)