Thursday, October 2, 2008

“အသည်းကွဲ ဇာတ်လိုက်”

“အသည်းကွဲ ဇာတ်လိုက်”


အရောင်ထဲမှာဆို
ငါ ကိုယ်တိုင်က
ချစ်သူ မကြိုက်တဲ့
အစိမ်း ဖန့်ဖန့်...........။


ကျောင်းသမိုင်းမှာလည်း
ကျရှူံး အမှတ်နဲ့
အချစ် သင်ခန်းစာကို
ပထမ နေရာကနေ
မှင်နီ ကြတ်ခြေခတ်တွေပဲ သိမ်း ကြုံးယူခဲ့တဲ့
အဖြေလွှာ စာအုပ်....။


ချစ်သူ့ ပုလွေ ယိမ်းနွဲ့ရာ
မြွေတစ်ကောင်လို
တွန့်လိမ်ကောက်ကွေး
ငါဟဲ့ မာန်သွင်း နာမှုတ်ပြချင်ပေမယ့်

လက်တွေ့မှာ အဆိပ်မရှိတဲ့
သက်မဲ့ ကြိုးခွေကြီး တစ်ခွေလည်း
ဖြစ်ရသေး...။


မှား ခဲ့ ဖူး သ မျှ
ပြန်လည် ပြင်ဆင်ခွင့်ရယ်...
ချစ်သူ ပခုံးထက်ပေါ်
ထာဝရ နားစက်ခွင့်ရယ်...
တစ်ပြိုင်နက် မရနိုင်ဘူး ဆိုရင်


ချစ်သူ မနှစ်ခြိုက်တဲ့ တိမ်တိုက်တွေလို
မိုးရာသီအတု တစ်ခုနဲ့
ပင်လယ် တု တစ်ခု...နဲ့
..................
ငါ့ကိုယ်ငါ ကမ်းကပ်ခွင့်ကို မျှော်လင့်
တိုးညှင်းစွာ ကြေကွဲပစ်တတ်တဲ့
လှိုင်း အတုလေး တစ်ခုဟာ
ငါ... ဖြစ်တယ်.....။


ရရှိဖူးခဲ့ ချစ်သူ့ အနမ်း
ခုခါမှာ လေနီကြမ်း လိုပဲ.........၊
အလွမ်းတစ်ချို့ သာ
အမှတ်တရ ရယ်လို့
ကျန်တော့မယ့် လမ်းခွဲတစ်နေ့


ဘုရားစူးပါရဲ့ 
ပန်းတွေ ထဲမှာ
ငါကိုယ်တိုင်က
ချစ်သူ နဲ့ ဝေးရဖန်ဖို့များ
အသည်းကွဲ မဗေဒါလည်း ဖြစ်ခဲ့ကြောင်း
နှောင်းသိသိရသေးတယ်လို့..............ကွယ်။

မှူးဒါရီ

No comments: