Wednesday, October 8, 2008

“မုန်းလောက်အောင် ချစ်ဖို့”

“မုန်းလောက်အောင် ချစ်ဖို့”


အယောက်ဆီတိုင်းမှာ
သူ့ အပူ နဲ့ သူ..........
ဒါကြောင့် ကျေးဇူးပြု မီးမကူပါနဲ့.............။
ကျနော် လွမ်းနေတာ ကျနော်သာ သိတယ်။


အချစ်ကို ကိုးစားပြီး
နေပူထဲ မိုင်တစ်ရာဖြတ်လာသူအတွက်...
ကွမ်းတစ်မှုတ်ရယ်
ထမင်းတဆုပ်ရယ်
ရွေးချယ်ခွင့်ရယ်လို့ မရှိတောင်

ကမ်းလက်ကို ပုတ်ချမယ့်
အမိုက်အမဲလို မမိုက်မဲပါဘူး။


ချစ်သူနဖူးက ချွေးတစ်စက်ကြောင့်
ကောင်းကင်က နေမင်းကို
ချက်ချင်းအေးခဲပစ်ချင်တဲ့ မိုက်မဲခြင်းမျိုးနဲ့သာ
မိုက်မဲမယ်...........................................။


ညှီတယ်တဲ့
တစ်ချို့ က..........
ကျနော် ကျတော့.........
(ခုထိ)
မူပိုင်မယ့်
ချစ်သူ့ ဆံနွယ်လေးတောင်
မွှေးရှိုက်ခွင့် မကြုံသေးဘူး...........။


ဩော် မုန်းလောက်အောင် ချစ်ရဖို့ ထင်ပါရဲ့ ဗျာ............။

မှူးဒါရီ

1 comment:

mgngal said...

ချစ်သူနဖူးက ချွေးတစ်စက်ကြောင့်
ကောင်းကင်က နေမင်းကို
ချက်ချင်းအေးခဲပစ်ချင်တဲ့ မိုက်မဲခြင်းမျိုးနဲ့သာ
မိုက်မဲမယ်...........................................။
ခိုက်တယ်ဗျ။ ဒီစာသားလေး။ :)