Tuesday, October 7, 2008

“အိပ့်မက် ဧည့်သည်”

“အိပ့်မက် ဧည့်သည်”

အိပ့်မက်ဆိုရင်လည်း
အိပ်ယာအနိုးမှာ ပျက် ပြယ် သွား ဖို့ ကောင်း တာပေါ့။


လမ်း မဟုတ်တဲ့ လမ်းပေါ်
အတူတွဲ မလျှောက်နိုင်သေးပဲ
ကိုယ့်ကို လှမ်းလာဖို့ ဖိတ်ခေါ်တယ် တဲ့...

တံတားမထိုးတဲ့ ချောက်ကမ်းပါးစွန်းမှာ
ခြေထောက်တွေ အတောင် မပေါက်သေးသမျှ...
လွမ်းဖို့ အကြောင်းက ဖန်လာပြီ................။


သူသူ ငါငါ တွေလို
ပျူငှာစွာ မကြို ချင်တော့ဘူးကွာ
လာနိုင်မှ လာလှည့်........ပါ

အချိန်တန်ပြန်ရမယ့်
အိပ့်မက်ဧည့်သည်ရယ်...။

မှူးဒါရီ

2 comments:

ဖြိုးငယ် said...

ကဗျာလေးကို ကြိုက်တယ်အမရေ ...
တံတားမထိုးတဲ့ ချောက်ကမ်းပါးစွန်းမှာ
ခြေထောက်တွေ အတောင် မပေါက်သေးသမျှ...
လွမ်းဖို့ အကြောင်းက ဖန်လာပြီ..............
ဆိုတာ အမှန်ပဲဗျို့ .. စာသားလေးကလည်းလှတယ်ဗျာ ...

MA Reader said...

လာနိုင်မှ လာလှည့် ပါတဲ့လား
ကဗျာလေးကောင်းတယ် ဒေါ်မှူး