Monday, October 13, 2008

“ချစ်သူ ချော့တေး”

“ချစ်သူ ချော့တေး”


သူက လွဲရင်...ကျနော် ကမ္ဘာ
ကဗျာနဲ့ သီချင်းတွေပဲ ရှိတာပါဆိုတောင်
ချစ်သူက မနာလို ဘူးတဲ့....

နှုတ်ခမ်းလေး စူ၊ လက်ကလေးပိုက်
အလိုက်မသိဖူးတဲ့ ကျနော့်ကို စိတ်ကောက် တယ်။

အပြစ်မြင်တော့လည်း ကဗျာ...
ချစ်ခင်တော့လည်း ကဗျာ...
ဒါလေးသာ ၀မ်းစာ အလုပ်မို့
ကျနော့်မှာ .........ချော့ကဗျာလေးရေး ချော့ရသေးပါပေါ့။

မှူးဒါရီ

1 comment:

ThinkingHoney said...

အပြစ်မြင်တော့လည်းကဗျာ
ချစ်ခင်တော့လည်း ကဗျာ

ကောင်းတယ်ကွာ