Sunday, November 2, 2008

“အဆင်မပြေဘူး”


လွမ်းရလွန်းလို့

ကီးပျက်နေတဲ့
အိုးအက်နေတဲ့ ဂစ်တာ...

လျော့လိုက် တင်းလိုက်
အထာနဲ့
လက်၅ချောင်း
လခြမ်းစိပ်ကို
ညင်သာမှု နဲ့ မျှား...

ရှာမရဘူး
တညလုံး ထိုင်စဉ်းစားတယ်

အသံသာလေး ဘယ်မှာ ပျော်နေလဲ?
ကြိုးဟောင်းတွေ လဲရတော့မလား?
ပြောပြခဲ့ဦး။

မှူးဒါရီ

3 comments:

Anonymous said...

ဂစ်တာတီးသင်ထားတာလား ကြိုးမလဲပါနဲ့ အုံးး=)

mgngal said...

ဂစ်တာက အိုးတောင်အက်နေပြီ ဆိုရင်တော့ အသစ်တာ
ဝယ်လိုက်တော့ ။ :P
လျော့လိုက် တင်းလိုက်
အထာနဲ့
လက်၅ချောင်း
လခြမ်းစိပ်ကို
ညင်သာမှု နဲ့ မျှား...
အဲဒီစာသားလေး ကြိုက်တယ် ။

MA Reader said...

မှူးကြီးမတ်ရာ

အိုးအက်ပြီးကြိုးဟောင်းမှတော့ ဘာကောင်းသေးတုန်း :P
လဲတန်လဲ ၀ဲတန်ဝဲပစ်