Wednesday, November 5, 2008

“ပိုးဖလံ”

“ပိုးဖလံ”


အေးခဲနေတာပါ

ငါ့အလိုကျ အသံထွက်ပေးရတဲ့

ဂစ်တာဟာတောင် သက်မဲ့ ပဲ

ဒါနဲ့များတောင် သီချင်းထံ

ဝိဥာဉ်က ခင်တွယ်နေသေးရင်

နွေးထွေးအောင် လုပ်ပေးထားတယ်လို့

အသံတွေနဲ့ မီးမွှေးပါဦးလား…ချစ်သူ…………….။

ရုပ်လုံးကြွ မီးလျှံတွေ…

လွှမ်းခြုံသွားတာတောင်…

ငါ့လက်ချောင်းတွေ အေးစက်နေဦးမှာပဲ

အထီးကျန် စကားတစ်လုံးကပဲ အစွမ်းထက်သလား

အဲဒီစကားလုံးကို မွေးထုတ်လိုက်တဲ့

လူသားတွေရဲ့  နှလုံးသားကပဲ အစွမ်းထက်သလား…

ခုချိန်မှာ အလိုအပ်ဆုံးက …

ဘာလဲလို့ မေးလာရင်

ငါ့ရင်ခုန်ခြင်းပေါ် ခေါင်းတင်အိပ်မယ့်

ချစ်သူရဲ့  နားတစ်စုံသာ ဖြစ်မယ်…။

ငါ့ညတွေကို ခိုးထုတ်တတ်ဖို့

အချစ်က ချစ်သူကို မျက်လှည့်ပညာသင်ခဲ့သလားကွယ်…

ခုတ်ရာတစ်ခြား ရှတဲ့ ဓားပဲ့တစ်ချောင်းလို

ရင်ထဲမှာ မီးတောက်နဲ့ အေးခဲခြင်း…………

အလွမ်း လို့ သတ်မှတ်လိုက်မိတဲ့အခိုက်

ငိုတယ်ဆိုတာ မျက်ရည်ကျရုံသက်သက် မဟုတ်တဲ့

အချစ်ရဲ့  အပီအပြင်ဆုံး …

အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်စိတ်တစ်ပိုင်းလည်း

ဖြစ်လာတယ်………………………………….။

မီးဖွင့်ထားလျက်

မှောင်ကောင်းတုန်း ဒီအခန်းကျဉ်းထဲသို့

အထီးကျန်ခြင်းများ……………..

နားတွေဆီ ကူးသန်း အေးစက်လာကြတော့မယ်

ချစ်သူရဲ့  လက်ဖ၀ါးများ

ငါ့ထံ ခဏ ငှားပါ

ခဏလေးငှားပါ

ငါ့နား၂ဖက်ကို ဖုံးအုပ်ချင်လို့

နား၂ဖက်ကို ဖုံးအုပ်ချင်လို့

ဥပေက္ခာများနဲ့

အချစ်ကို ကျောပေး

မိုးလင်း မသွားချင်ဘူး

ဖန်တီးခံသက်မဲ့များသာ ငါ့အား ၀န်းရံထားပြီး

ဖန်တီးခံ သက်မဲ့တို့ ငါ့အား ၀ါးမြို မသွားခင်…

နှစ်မျက်နှာ ချစ်သူထံ

အသနားခံစာ တင်လိုက်ပြီ…။

ပစ်မထားခဲ့နဲ့……………………………………….။


မှူးဒါရီ


2 comments:

mgngal said...

ခုချိန်မှာ အလိုအပ်ဆုံးက …

ဘာလဲလို့ မေးလာရင်

ငါ့ရင်ခုန်ခြင်းပေါ် ခေါင်းတင်အိပ်မယ့်

ချစ်သူရဲ့  နားတစ်စုံသာ ဖြစ်မယ်…။
ငါ့ညတွေကို ခိုးထုတ်တတ်ဖို့
အချစ်က ချစ်သူကို မျက်လှည့်ပညာသင်ခဲ့သလားကွယ်…
ခုတ်ရာတစ်ခြား ရှတဲ့ ဓားပဲ့တစ်ချောင်းလို
ရင်ထဲမှာ မီးတောက်နဲ့ အေးခဲခြင်း…………
အလွမ်း လို့ သတ်မှတ်လိုက်မိတဲ့အခိုက်
ငိုတယ်ဆိုတာ မျက်ရည်ကျရုံသက်သက် မဟုတ်တဲ့
အချစ်ရဲ့  အပီအပြင်ဆုံး …
အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်စိတ်တစ်ပိုင်းလည်း
ဖြစ်လာတယ်………………………………….။

ကောင်းလိုက်တဲ့ စာသားလေးတွေ ။ ပြန်ရောင်းပါလား အစ်မ ။ ၀ယ်ပါ့မယ် ။ ဆက်သွယ်ပါ ။ ဒါပဲ ။ ဂလောက် !!!
နောက်တာ အတည် ။ :P

Anonymous said...

ကောင်းတယ် ဗျို့ ခံစားချက်ခြင်းတူနေပါတယ်..
အဆင်ပြေပါစေ... :P