Wednesday, November 19, 2008

...စိတ်ကူးများစွာနဲ့ ရူးခါနီးပြီ...

...စိတ်ကူးများစွာနဲ့ ရူးခါနီးပြီ...

သူနေ့စဉ် လျှောက်မယ့်လမ်းထက်
သူ့ဓာတ်ပုံထဲက ရွက်ဝါကြွေတစ်ရွက်
ဖြစ်ချင်တယ်။
မထင်သာပေမယ့်
သဘာဝလို အလှတရား...ရဲ့  တစ်စိပ်တစ်ပိုင်း
သူမျက်ဝန်းနဲ့ ပြန် ဖန်ဆင်းမယ့်
ရှူ့ ခင်းတိုင်းမှာ ပါချင်လို့................။


သူသွားနေကျ ခရီးထက်
သူ့ပခုံးမှာချိတ်ဆွဲ လွယ်အိတ်ငယ်
ဖြစ်ချင်တယ်။
အပြင်ပန်းမလှလည်း
ရောက်လိုရာရည်မှန်းချက် ရဲ့  တစ်စိပ်တစ်ပိုင်း
သူစာအံတိုင်း သတိရမယ့်
အဖြည့်ခံ အဖော်လေး ဖြစ်ချင်လို့................။


သူသွားနေကျ စာသင်ခန်းထဲ
သူထိုင်နေကျ ခုံငယ်လေးလည်း
ဖြစ်ချင်တယ်။
အမြဲမတွေ့ရပေမယ့်
အခန်းဝက သူ့ခြေသံနားစွင့်
နီးခွင့်ခဏ ပြည့်ဝစွာ တာဝန်ကျေချင်လို့......................။


သူမကြိုက်တဲ့ ဆောင်းဥတုမှာ
သူကိုထွေးဖက်ခွင့်ရှိမယ့်
တစ်ခုတည်းသော အနွေးထည်လေး ဖြစ်ချင်တယ်။
အခိုက်အတန့်ပဲဖြစ်ဖြစ်
သူ့အသွေးအသားတွေကို နွေးထွေး
သူ့ရင်နဲ့ အနီးကပ်ဆုံးမှာ ရှိနေချင်လို့...............။


သူသောက်နေကျ ရေနွေးချမ်း
ဖန်ငွေ့သက်နေတဲ့ ခွက်ငယ်လည်း
ဖြစ်ချင်တယ်။
ရပ်တည်ချက် သိမ်နုပ်ပေမယ့်
သူ့လက်ဖ၀ါးကြမ်းများနဲ့ ကိုင်မြှောက်လိုက်တိုင်း...
သူ့နှုတ်ခမ်းထူထူကို ထိတွေ့လိုက်တိုင်း...
မူးမိုက်မျှော့်လင့် ကြည်နှူးခွင့်လေး ရချင်လို့..................။

မှူးဒါရီ

1 comment:

pandora said...

အရမ်းချစ်စရာကောင်းတယ် ကဗျာလေးပဲ မှူးဒါရီ။

ချစ်သူနဲ့ ဆုံဆည်းရပါစေ။