Monday, November 24, 2008

...ကြီးမိုက်၏ သံဝေဂ ၃ပုံ ၁ပုံ...

...ကြီးမိုက်၏ သံဝေဂ ၃ပုံ ၁ပုံ...

ပျိုရွယ်မှု ဆိုတာကို
အကုန်ယူ ၀ှက်ထားဖို့ မရည်ရွယ်ပါဘူး တဲ့
ရေပြင်ပေါ် ရောင်ပြန်နေ ငါ့ ပုံရိပ် ကို
သိပ်အချိန်မှန်လွန်းတဲ့ အသက် က
နှစ်တိုင်း ဂဏာန်း ၁ ပေါင်းထည့်
ဒီနိုဝင်ဘာမှာလည်း...
ဘာတဲ့..ဇရာ ဆိုလား
ငါ မြင်တတ်လာပြီ အဟုတ်..။

အခင်ရဆုံးသူငယ်ချင်းတစ်ယောက်
ပြောဖူးတယ်...
ရင့်ကျက်ခြင်းဆိုတာ
ကျင်လည်ခဲ့တဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်
အမြဲ တန်းတူ ရှိနေသင့်တယ် တဲ့
ဒိုင်ယာရီ ကို ဖွင့်
၂၀၀၈ အစက ရီစလူးရှင်း ကို ပြန်ဖတ်ကြည့်(resolution)
တစ်ကယ်တည်း ငါ ရော ဘာများ
ပြောင်းလဲ နိုင်ခဲ့လဲပေါ့
မျက်နှာဟိုဘက်လှည့် ပြောမယ်
ရှက်စဖွယ်ပဲ ဒုံရင်း ဒုံရင်း...။

အကယ်ရွေ့ 
ငါ အခု အဆင်ပြေသည်ဆိုပါစို့
ငါ အခု ပျော်ရွှင်နေသည် ဆိုပါစို့
ငါ အခု ကျေနပ်နေသည် ဆိုပါစို့

မမြဲတဲ့ ဇာတ်၊ ပညတ်ချက်ထဲ
စက္ကန့်တစ်ခုစာတောင် အပိုင်မရဘူး
သို့မဟုတ် ပိုင်ခွင့်မရဘူး

အကုန် ထားခဲ့ရမှာချည်းပဲလို့
တဒိဒိ အမြင်ရှင်းလာတဲ့ ဘ၀...
ဟိုးအရင် တဖာလုံအကွာက
ဆောင်းမနက်ခင်း တစ်ခုရဲ့ 
ပတ်ဝန်းကျင်လည်းဖြစ်မယ်..။

မသိမသာ ဟန်ဆောင်ဖြတ်သန်းခွင့်တော့ ရှိမယ်။
သုံးသပ်ဆင်ခြင်ခွင့်လည်း ရှိမယ်။
ဒါများနဲ့တောင် လူပီသစွာ တစ်ခါထက်ပိုတဲ့
မာန်လွှားမိရ အခါသမတွေ ရှိခဲ့တယ်။
ထာဝရ မဖြစ်တည်တဲ့ အရာများအပေါ်
ပိုင်ဆိုင်ခွင့် ဆုံးရှူံးမှုအတွက်..
အတ္တကို ပုံချ ပုထုဇဉ် ငါ ဟ အချိန်တွေ ရှိတယ်။
ဒေါသကို ထင်းစိုက်
အခိုက်မသင့်လို့...
အဆက်ဖြတ်လိုက်တဲ့ မိတ်ဆွေ စာရင်းလည်း ရှိတယ်။

ပြန်လည် ပြင်ဆင်ခွင့် ရမယ် ဆိုရင်တောင်
ငါ မှန်တာပဲ အစွဲအလမ်းကြီးနဲ့
ကျားမြှီးသာ ပြေးဆွဲပါရစေ အပြောနဲ့
မကြာမီ ငွေရတု ပြည့်တော့မယ့်...
ကိုယ့်ဘက်ကိုယ်ယက် ငါ ..
ကြီးမိုက်ကြီး ဖြစ်လို့.............။

နောင်တကို အဖော်အသင်း မထားလိုဘူးတဲ့
ဒီ ကြီးမိုက်ကြီးကပဲ
အဝေးရောက် မိဘနှစ်ပါးကို မှန်းရော် ရှိခိုး
တစ်ဦးသော ချစ်သူလေးအား
အနားတိုး ခေါ်ယူထားလိုစိတ်နဲ့
ပျက်လွယ်တဲ့ တစ်ရက်သာကို
တိုင်တည် အထိမ်းအမှတ်လုပ်
အမှတ်တရ စာချုပ်လိုက်တော့...၊
စတိုင်ကျကျ..
ငါ့ကိုငါ ပြန်ဆုခြွေတဲ့
သံဝေဂ မရတရ
...ဟတ်ပီးဘတ်ဒေး...တူမီး...
(happy birthday..to me)
ကဗျာတစ်ပုဒ်ဖြစ်သွားပြီ...။
စကားချပ်။ ။လူသားအားလုံး စိတ်နှလုံးပျော်ရွှင် ငြိမ်းချမ်းကြပါစေ။

မှူးဒါရီ

8 comments:

emayarKhin said...

သိပ်ကိုကောင်းတဲ့ကဗျာလေးပဲ....
ကိုယ့်အတွက်ကိုယ်ပြန်ဖွဲ့တဲ့
တကယ့်ကိုမွန်မြတ်တဲ့ကဗျာလေးပါ......

စကားမစပ်...
မွေးနေ့မှာပျော်ရွှင်ပါစေ...........။

MA Reader said...

ဟဲပီးဘသ်ဒေး မှူးကြီးမတ်ရာ သေနာပတိချုပ် (အ - - - -)
လိုအင်တွေရော ဆန္ဒတွေပါ အလုံးလုံး အ၀၀ပြည့်ပါစေဗျို

ညိမ်းညို said...

ဦးဆုံး မွေးနေ့ပွဲတက်သွားတယ်ဗျ
မွေးနေ့မှာ ကဗျာနဲ့ဧည့်ခံလိုက်လို့ တော်တော်ပျော်သွားတယ်ဗျ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ
ပျော်ရွှင်ဖွယ်နေ့ရက်များကို အမြဲပိုင်ဆိုင်နိုင်ပါစေခင်ဗျာ :)

ညိမ်းညို said...

ဦးဆုံးမွေးနေ့ပွဲတက်သွားပါတယ် :)
ကဗျာနဲ့ဧည့်ခံလို့ ကျေးဇူးဗျ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

mgngal said...

စတိုင်ကျကျ..
ငါ့ကိုငါ ပြန်ဆုခြွေတဲ့
သံဝေဂ မရတရ
ဟတ်ပီးဘတ်ဒေး...တူမီး ။ ဒါပထမဆုံး ကြားဖူးခြင်းပဲ ။:P
ပျောရွင်ဖွယ်မွေးနေ့ လေး ဖြစ်ပါစေ လို့ ဆုတောင်းပေးပါ
တယ် မမှူးကြီးမတ်ရာ ။ မဟန်နီ ခေါ်တာ သဘောကျလို့ ။
:D

Anonymous said...

မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ အားပေးလျက်ပါ

ရွှန်းမီ said...

ရောက်တာနဲ့ မွေးနေ့နဲ့ တိုးနေပါလား..
Happy Birthday!
ပျော်ရွှင်ပါစေ အစ်မမှူးဒါရီ..။

Mhu Darye said...

ဆုတောင်းပေးတာ ကျေးဇူး အနန္တ ပါပဲ...။
း)