Friday, December 12, 2008

“နောက်ထပ်တစ်ခေါက်”


အလည်အပါတ်ဆို

ခြေနင်းသံ ဖွဖွ
ခြေကြွ ၀င်လာဖို့ လို လို့လား?

ခဏတဖြုတ်ဆို
ခြေရာတွေ ချန်
အိမ်ပြန်ချိန် လည်ပြန်ငဲ့ကြည့်ဖို့လို လို့လား?

အနားက ထွက်ခွာ
အပါးထပ်ချပ်မခွာ လိုက်ပါခွင့်
တပါးသူ ရင်ခွင်ကနေ
အဟောင်းကို သစ် ဦး မယ် ကြားတယ်။

တစ်နေ့နေ့မှာ
တစ်ချိန်ချိန်မှာ…
တစ်နေရာရာမှာ…
မရေရာသေးဖူးဆို

သတိရတယ်ကြောင်း
ကျိန်လောင်း ပြောမယ့်…
မင့်နှုတ်ခမ်းတွေ အသာစေ့

ကိုယ့်ဒီဇင်ဘာလေးကို
မင်းလွှင့်ပစ်လိုက်တော့နော်...။

မှူးဒါရီ

No comments: