Saturday, December 20, 2008

မေ့မပစ်နဲ့

မေ့မပစ်နဲ့
မေ့မပစ်နဲ့လေ...

ငါရယ် မင်းရယ်
စီးနှင်ခဲ့တဲ့ ခရီး...
ခက်ရင်းလို အသွားသုံးခွပဲ
ဘက်မလိုက်တဲ့ ..
အလည်ကလမ်း
ဘုရားစူး တစ်နေ့ ရောက်လာမှာ.....။

ဥုံဖွ မန်းမှုတ် တားဆီး
တတ်နိုင်သမျှ ဘယ်သူကမှ
ချစ်သူနဲ့ ဝေး မနေချင်ကြဘူးပေါ့..............သိတယ်။

ဒါကြောင့်
မမျှော်လင့်နဲ့တော့ ..လို့
ဟန်ပို စကားတွေ အစား

ထာဝရအတွက် မဟုတ်ဘူး ရွတ်နေကျ
မင်းတားထားတဲ့ စည်း နဲ့ ဝေးသမျှ ဝေးအောင်

ချောင်းတစ်ဖက်ကမ်းမှာပဲ
သိမ်ဝပ်စွာ ငါ နေ နေခဲ့တာပေါ့။

ဒါများနဲ့တောင်
နားလည် မပေးနိုင်တာ
အံဩတယ်....။

မှူးဒါရီ

No comments: