Monday, December 22, 2008

“အစိမ်းချုပ်”


ရောက်ပြီး ပြန်ဖို့ သေချာနေမှပဲ
ရင်အစုံကို ကန်လို့
ရင်အသစ် အရှာထွက်တယ်
မပြောစမ်းပါနဲ့...။

သံယောဇဉ်အုံခဲကြီးထဲက
ကန်ထွက် ရဲဖို့ကလည်း
ရက်စက်တတ်လွန်းလို့တော့ မဟုတ်ရဘူး...။

လက်နှစ်ဖက် ယှဉ်တွဲပေမယ့်
ခြေလှမ်းမယ့် ဦးတည်ရာ ကွဲပြားနေတယ်လေ....
အစကတည်းက နားလည်ခဲ့ပြီးသား မဟုတ်လား.....
မစိမ်းကားကြီးလို့ မခေါ်စမ်းပါနဲ့........................နာတယ်။

မှူးဒါရီ

No comments: