Sunday, December 28, 2008

“ကွက်ပျက်”


မရှူံးရဲ သူရဲ့ 

ကွယ် မျက်ရည်တွေ မြင်ဖူးလား???

ဒီမှာ စီးဆင်းနေတယ်

ဒီမယ် ငါ့ပါးပြင်ပေါ် စိုစွတ်နေတယ်


အရှူံးပေးခဲ့သူရဲ့ 

သိမ်ငယ်မှုကိုရော မြင်ဖူးလား??

ဒီမှာ အိမ်ဖွဲ့နေတယ်

ဒီမယ်လေ ငါ့အသည်းမှာ မှိုစွဲနေတယ်


အဆုံးထိ မမျှော်လင့်သင့်ဖူးဆိုရင်…

မချစ်ဖူးပြောမယ့် ငါ့နှုတ်ခမ်းပေါ်

လှမ်းတင် ပိတ်ဆို့လိုက်တဲ့

မင့် လက်ညိုးလေးကို ဖယ်…

ငါ့ အချစ်များ ပြန် ပေးခဲ့ပါ……………


မရှူံးရဲသူ အလံဖြူပြတဲ့ပွဲ

လောကကြီးထဲက ဟာသမြောက်

ကကွက် တစ်ခု အဖြစ် သက်သေပေါ့… ချစ်လေး…။


မှူးဒါရီ


No comments: