Thursday, January 1, 2009

"Against All Odds"


"Against All Odds" ဆိုတဲ့ သီချင်းလေးကို ကြားဖူးကြမယ် ထင်ပါတယ်။ နာမည်ကြီးအဆိုတော် Phil Collins က ၁၉၈၅ခုနှစ်က သီဆိုခဲ့တာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ခုချိန်ထိ အနှစ်သက်ဆုံး သီချင်းထဲက တစ်ပုဒ်ပါပဲ။ ခုနောက်ပိုင်းမှာ အဆိုတော် များများ ပြန်လည် သီဆို ခဲ့ပြီးဖြစ်လို့၊ မူရင်းအဆိုတော်ကို ခုပိုစ့်ရေးဖို့လုပ်တဲ့အခါကျမှ တိတိကျကျ သိခဲ့ပါတယ်။ သူရဲ့  သီချင်းထဲက "Do you remember?", "You'll be in my heart", "One More Night", "Another day in paradise", "This must be love",etc အစရှိတဲ့ သီချင်းတွေဟာ နာမည်ကြီး လူကြိုက်များပါတယ်။ လူသိများပါတယ်။ မြန်မာဘာသာပြန်ဆို သီချင်းတွေဟာလည်း သူ့ဟာနဲ့သူတော့ နာမည်ရခဲ့ဖူးတယ် ထင်ပါတယ်။
ဒီသီချင်းများကို စတင်နှစ်ခြိုက်စွာ နားထောင်ခဲ့တုန်းက ဘယ်သူသီဆိုတယ်...ဘယ်သူရေးခဲ့တယ်...ဘာညာ သိဖို့နေနေသာသာ၊ ဦးလေးရဲ့  ကောင်းမှုကြောင့် karaok ဆိုဖို့ စုစည်းထားတဲ့ သီချင်းခွေတွေထဲက နားထောင်ဖြစ်ခဲ့တာပါ။ ညံ့တယ် ပြောရင်လည်း ခံရမှာပေါ့နော်...။ :(
ဒီနေ့တော့ ပျင်းပျင်းရှိလို့ youtube.com ကနေ သီချင်းတွေ ရှာ နားထောင်ရာကနေ၊ ပြန်နားထောင်ဖြစ်လို့ ကိုယ့်နဲ့ ထပ်တူ မိတ်ဆွေများလည်း ခံစားနိုင်အောင်လို့ ပြန်မျှဝေလိုပါတယ်။ သီချင်းကတော့ အပေါ်မှာ ပြောခဲ့တဲ့ "Againt All Odds" ဆိုတဲ့ သီချင်းလေးပါ။ မြန်မာပြန်ဆို သီချင်းကိုတော့ ရှာမတွေ့သေးလို့ မမျှနိုင်တော့ပါ။
သီချင်းစာသားတွေနဲ့ အစဉ်သင့်ချင်မှ သင့်ပါမယ်.. ဒါပေမယ့် ခေါင်းစဉ်လေးကို မှီငြမ်းပြီး ၀င်ရောက်လာတဲ့ နှစ်သစ် ၂၀၀၉မှာ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပါစေလို့လည်း တစ်ခါတည်း ဆုတောင်းပေးပါရစေရှင်..။

"Against All Odds"
How can I just let you walk away
Just let you leave without a trace
When I stand here taking
Every breath with you oohhhh
You're the only one
Who really knew me at all

How can you just walk away from me
When all I can do is watch you leave
'Cause we've shared the laughter and the pain
And even shared the tears
You're the only one
Who really knew me at all

So take a look at me now
'Cause there's just an empty space
There's nothing left here to remind me
Just the memory of your face
So take a look at me now
'Cause there's just an empty space
And you coming back to me, is against the odds
And that's what I've got to faceeeee

I wish I could just make you turn around
Turn around and see me cry
There's so much I need to say to you
So many reasons why
You're the only one
Who really knew me at all

So take a look at me now
'Cause there's just an empty space
There's nothing left here to remind me
Just the memory of your face
So Take a look at me now
Cause there's just an empty space
But to wait for you is
All I can do
And that's what I've got to face.
Take a good look at me now
'Cause l'll still be standing (standing here)
And you coming back to me is against all odds
That's the chance I've got to take
(chance I got to take, got to takeeee)

Yeahhhhh
Take A look at me now
(Take A Look at me nowwwww)




မှူးဒါရီ ခံစားဝေမျှသည်။



4 comments:

ATN said...

ဒီသီချင်းကို အရင်ဆုံး ဘာသာပြန် ဆိုခဲ့တာကတော့ ကျော်ဟိန်းပဲလေ... သီချင်းရေးဆရာကတော့ မောင်သစ်မင်းလို့ ထင်တာပဲ သေချာတော့ မမှတ်မိဘူး...

သီချင်းနံမည်တော့ မှတ်မိတယ်....

တချက်လေး စောင်းငဲ့ ကြည့်ဦး... တဲ့...

HAPPY CLOUD said...

အကြိုက်ချင်း တူတယ်.. ကျနော်လဲ အဲဒီသီချင်းကို ကြိုက်တယ်ဗျ.. Phil Collins က အကြိုက်စာရင်းထဲ ပါတယ်..း)။

ခင်မင်လျက်...
မိုးမောင်

ATN said...

အော... ခုမှ သတိရလို့...
ဒီမှာ ရနိုင်တယ်...
http://mp3.mmblogs.net/category/myanmar-albums/male-artist/kyaw-hein/

Mhu Darye said...

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကိုအောင်သာငယ်...
ကျော်ဟိန်းရဲ့  တစ်ချက်လေးစောင်းငဲ့ကြည့်ဦး ဆိုရင်တော့ ဘယ်မသိပဲ ရှိပါ့မလဲ။
ကိုမိုးမောင်နဲ့ အဆိုတော်အကြိုက်ချင်းတူတယ်ဆိုလို့ လည်း ၀မ်းသာပါတယ်။