Sunday, January 11, 2009

“နာမည်ဘယ်လိုပေးရမလဲ?”

“နာမည်ဘယ်လိုပေးရမလဲ?”


အချစ်အကြောင်းပြောတဲ့အခါ

နင့် နာမည် ပါချင် ပါလာမယ်..။


အမုန်းအကြောင်းပြောတဲ့အခါ

အရောင်အသွေးပြောင်းသွားတဲ့

ပုတ်သင်ညိုတစ်ကောင် နာမည် ပါကောင်းပါမယ်..။


ချစ်ဖို့လည်း မရဲ

မုန်းဖို့လည်း မဖြစ်နိုင်တဲ့

မေ့ပစ်ရမယ့် ဇာတ်သိမ်းအကြောင်းပြောတဲ့အခါ

ဘယ်သူ့နာမည် ခေါင်းစဉ်တပ်ပေးရမလဲ?


မှူးဒါရီ


2 comments:

ThinkingHoney said...

အောင်မလေးနော်
တယ်စွံပါကလားဝေ့

Mhu Darye said...

အာ... တစ်လွဲ အဓိပ္ပာယ် ရောက်သွားပါပေါ့..သူ ပြော မှ ပဲ...... :(