Thursday, January 8, 2009

“အချစ်”

“အချစ်”

ပွင့်ဖတ်လို မနုဘူး..
အဖူးလို မငုံဘူး..

ဝတ်ဆံမှုန် မဖွာဘူး..
ရနံ့သင်း မဖြာဘူး..

ရိုးတံလည်း မပင့်ဘူး
ဆူးမာန်လည်း မ၀င့်ဘူး
.....................
ရေ၊မြေ၊လေ
သုံးပါးလွတ်
ခူးဆွတ်သူ ရှိမှ

ပုံပမာခိုင်းနှိုင်း
တောင်ဝင်ဆိုင်းနဲ့ ပင့်တဲ့ပန်း.......

ရင်ခွင်နန်းတော် ထဲမယ်
ပွင့်သည်..............။

မှူးဒါရီ

1 comment:

mgngal said...

ဒီကဗျာလေး နန်းဆန်တယ် ။ ကြိုက်တယ်ဗျ အစ်မ ။ :)
စာသားလေးတွေ နုတယ် ။ တိုတိုနဲ့  လှတယ် ။