Friday, February 6, 2009

“ကဗျာ့ကျွန်”


ဘာကိုမှ မယုံချင်နေ...
ကဗျာကိုတော့ ကုန်အောင် စားတယ်

မွေးရာပါ ဗီဇ နဲ့
ကဗျာထံ ၀ပ်တွားတတ်ခဲ့
ကဗျာကျွန် ဖြစ်လားဖြစ်ရဲ့ 
မိဘ၂ပါးပေးတဲ့ အသက်ပါပဲ
ကဗျာသွေး တစ်ဝက် စပ်ထားတယ်
ဘာကိုမှ မယုံချင်နေ...
ကဗျာဆိုရင် ရှိသမျှ ပုံအော လောင်းမယ်...။

ဦးနှောက်တခြမ်းပဲ သုံးလို့ရတာတောင်
ကဗျာကို တစ်နေ့ သုံးစောင် စားနေကျ
မီးရှို့  ပြာချ ... နေ့တစ်နေ့ စဖို့ အာဟာရ...လိုတယ်
အဖိုးအခ ခေါင်ခိုက်နေပစေ
ကဗျာကို တသသ မြတ်နိုးတယ်...။

နှလုံးခုန်သလောက်
လက်ချောင်းတွေ အလုပ်လုပ်သလောက်
ကဗျာပီသတဲ့ ကဗျာတစ်ပုဒ် ရေးကြည့်ခဲ့သေးတယ်
ရခဲ့တဲ့အမွေ တိမ်တိမ်...
ပါရမီ အရောင်မှိန်တော့
ကဗျာဆရာ လည်း မဖြစ်ခဲ့ရဘူး
ကဗျာ အဆင့်တန်းလည်း မ၀င်ခဲ့ပါဘူး...
ဒါပေမယ့်
အိပ်စက်ရာ ပျောက်တဲ့ နေ့မှာတောင်
ကဗျာကို ယတြာ လို ဆောင်ဦးမယ်...။

ကဗျာဆရာအကုန် မသိချင်နေမယ်..ကဗျာ ရာဇ၀င်ကျေချင်တာမျိုး...
တစ်စိတ်ရှိ... ကလောင်သွေးနေတဲ့
ဝင်ကြေးအခမဲ့ ကဗျာပွေး တွေ ဆီက
ကဗျာ ယာဉ် ကြီး
အပိုင်စီးလို့........
ကောင်းလှချည်လားဟဲ့သရည်ကျ (သွားရည်)
ပီတိကိုစား
... ကဗျာ ပိုး ထိ နေ ကြ ပေါ့

ကဗျာ နတ်ပူးနေတဲ့ အကောင် မို့ပါ...
နေ့ သည် ကဗျာ..၊ ည သည် ကဗျာ...၊
ကျန်တာမ မမှု ဘူး
ဘ၀မှာ ကဗျာ ရှိ ရင် ပြီးတယ်..။

မှူးဒါရီ

3 comments:

mgngal said...

ဘ၀မှာ ကဗျာရှိရင် ပြီးတယ် ။ ပြတ်သားလှချည်လား ကဗျာဆရာမကြီးက ။ မိုက်တယ်ဗျာ လွန်ထွက်သွားအောင်ကို ရူးသွပ်တဲ့ ပုံစံ ။ ဒီကဗျာ ကိုလည်း ကြိုက်သွားပြီ ။

တော့တိုးချန် said...

တကယ်လား ...

ဘာမှမရှိလဲ ကဗျာနဲ့ ငါနဲ့ ရှိတယ်

အိုင်လွယ်ပန် said...

ကြိုက်ပဗျာ