Friday, March 20, 2009

“ရင်ခွဲ ပွဲ ကျင်းပခဲ့သည်”


အပြုံး တဲ့
အခွံကာက တင်းမာ ခိုင်လုံ နေလည်း
အတွင်းပုပ် ကြက်ဥ တလုံးလိုမျိုး
အသုံးမကျဘူး ဒီမျက်နှာ......
ဒီချိန်မျိုးမှာ ပြုံးပြနိုင်သေးတယ်။

ဟန်ဆောင်ပြီး မတားမြစ် ဘူး
လှောင်ပြောင်ပြီး မဟားဖြစ် ဘူး
သူ ပျော်ပါစေ လို့
ရင်ခွဲပွဲ ကို အသိအမှတ်ပြုပေးလိုက်ကြ..................။

အနာဂတ်ကို လှမ်း ကြည့် မိ ဖူး တယ်
သူနဲ့ စကားတွေ အကြို စီကုံးထား ဖူးတယ်
ရင်လွှာတွေ တချပ်ချင်း ပွင့်.......
အနက်ရှိုင်းဆုံးထိ လာဖို့ ဖိတ်ခေါ် တံခါး ဖွင့်လိုက်ပြီးမှ
မနာကျည်းရက်ဘူး............
ငါက ချစ် မိ ခဲ့ တာ ကိုးကွယ်.............................။

အစားထိုး အရံ လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့် ကြည့်တာပါပဲ
ဘယ်လှေ ပေါ် လိုက်ပါစီးနှင်းမယ် အဆုံးအဖြတ်ကတော့
မင်း ပေါ်မှာပဲ အဓိက မူတည် နေတုန်း...................

အတူ ရှိခဲ့ ချိန် တိုတောင်းပေမယ့်
တဘ၀လုံး ဖြစ် ပျက် ရှင်သန်ခြင်း ပြီးဆုံး သွား သလိုမျိုး
“နေကောင်းအောင် နေနော်“ ဆိုတဲ့ ဂရုစိုက် မှု
မတ်လ(၂၀) နံနက် ၃နာရီ ၂၈မိနစ် တိတိမှာ ဆူး ဖြစ် သွားပြီ။

ကဗျာ ကြောင့် သာယာ ခဲ့ပါတယ်ဆိုရင်
အချစ်ရယ်.....................
ခံစားချက်အစစ်ကို ရေးဖွဲ့ ပြရဲသူက မိုက်ရူးရဲ ဆန်လိုက်တာ

မှတ်မိဦးမလား?
ချစ်သူ ဖြစ်ကြောင်း သေချာအောင်
တွေ့ ဖြစ်ကြရင် ၊
၃ ကြိမ်မြောက်မေးဦးမယ် ဆို....ပြီး
ဦးအောင် နှုတ်ဆက်သွားတော့
ငါ့ ရင်ခုန်သံလေးတောင် အသက်မစေ့သေးဖူး
အသက်မစေ့သေးဖူးကွာ...............။

မှူးဒါရီ

6 comments:

စိုင်းစိုင်းလားရှိုး said...

ရင်ခုံသံလေး အသက်မစေ့ သေးဘူးလားဗျာ..
ကဗျာကောင်းလေး ခံစားသွားပါတယ်!

စိုင်းစိုင်းလားရှိုး said...

ရင်ခုံသံလေး အသက်မစေ့ သေးဘူးလားဗျာ..
ကဗျာကောင်းလေး ခံစားသွားပါတယ်!

Moe Myint Tane said...

ကောင်းလိုက်တဲ့ကဗျာ။ တကယ့်ကို ခံစားချက်စစ်စစ်တွေ။
ကြိုက်တယ်ဗျာ။ ကဗျာဟာ ခံစားချက်ပါရင် အသက်ဝင်လာတတ်တယ်။ အခုလည်း ဒီကဗျာလေးက အသက်ဝင်နေတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Unknown said...

အနာဂတ်ကို လှမ်း ကြည့် မိ ဖူး တယ်
သူနဲ့ စကားတွေ အကြို စီကုံးထား ဖူးတယ်
ရင်လွှာတွေ တချပ်ချင်း ပွင့်.......
အနက်ရှိုင်းဆုံးထိ လာဖို့ ဖိတ်ခေါ် တံခါး ဖွင့်လိုက်ပြီးမှ
မနာကျည်းရက်ဘူး............
ငါက ချစ် မိ ခဲ့ တာ ကိုးကွယ်.....

အော်... မမှူးဒါရီ... ရယ်...

နေ့သစ်တွေလှပနိုင်ပါစေဗျာ....

ဆောင်းယွန်းလ said...

ဟန်ဆောင်ပြီး မတားမြစ် ဘူး
လှောင်ပြောင်ပြီး မဟားဖြစ် ဘူး
သူ ပျော်ပါစေ လို့
ရင်ခွဲပွဲ ကို အသိအမှတ်ပြုပေးလိုက်ကြ..................။

တော်တော်ချစ်တတ်ပြီး ပေးဆပ်ရဲတဲ့နှလုံးသားပိုင်ရှင်မျိုးပါလား...

ကဗျာ ကြောင့် သာယာ ခဲ့ပါတယ်ဆိုရင်
အချစ်ရယ်.....................
ခံစားချက်အစစ်ကို ရေးဖွဲ့ ပြရဲသူက မိုက်ရူးရဲ ဆန်လိုက်တာ

အရေးအဖွဲ့လေးကတော့ လုံးဝရှယ်ပဲညီမရေ

အိန္ဒြာ said...

ညီမလေးရေ....

အမြတ်က ကဗျာကောင်းကောင်းတွေထွက်လာတာပေါ့...
အချစ်ဆိုတာ...
အသက်အရွယ်ရာသီရေခံမြေခံမှာ..
စိုးရိမ်ရေမှတ်အထိ တက်တဲ့ ဒီရေ..ပါ...တဲ့.
အမ ရေးဖူးတဲ့ ကဗျာ...ပေါ့
အချစ်ဆိုတာ အလကားပဲ လို့..
သုံးခါလောက်..အော်ပစ်လိုက်..
နေသာသွားလိမ့်မယ်...
နောက်ရှိသေးတယ်...
အချိန်ဆိုတာ
အကောင်းဆုံးသမားတေိာတဲ့ ညီမရေ...
အတိတ်ဆိုတာ..
လူတိုင်းမှာ..ရှိခဲ့ကြတဲ့အရာ...
သိပ်ကြေကွဲနေရင်...
သိပ်ရှုံးရတယ်...
ဆုံးရှုံးလက်စတွေထဲ..နံပါတ်စဉ်ထပ်မတိုးနေနဲ့..
ပျော်အောင်နေ....
စိတ်ကို..ပေါ့ပါ့ပါးပါးထား....

နောက်..ပေါ့ပေါ့ပါးပါးပြုံးကြည့်လိုက်..
(ဟဲ့ အဲဒါရုပ်၇ှင်ကား..နာမည်လား..မသိ..ရောကုန်ပြီ..။)