Saturday, June 20, 2009

“အဲလောက် ခက်တယ်”


တယောက် ကျောပေးထားတဲ့ အရပ်ကို
တယောက် မျက်နှာမူထားရတာ... ဘယ်လောက် ခက်လဲ

ပေါက်ထွက်မတတ် ယောက်ယက်ခတ်နေတဲ့ ဦးနှောက်နဲ့
နှလုံးသားကို သဲအိတ်ကြီးလို စိတ်ရှိတိုင်း ထိုးချေပစ်လိုက်ချင်ပါရဲ့ .........
အဲလောက် ခက်တယ်။

ပတ်သတ်ခဲ့သမျှ အကိုင်းအခက် နဲ့
မျှော်လင့်ခြင်း ဘေးမှာ ပုံပြီး
ရင်အနာတွေကိုသာ အဆုံးစီရင်ခွင့်ရရင်................................
ရေပွက်သံ ပလုံ တောင် တိုးဖျော့ ပေါ့ပါးနေမှာ ငါ သိတယ်

ဘယ်လောက်.........ခက်လဲ

တိုက်ဆိုင်ချိန်တိုင်းမှာ
တချက်လောက် နောက်ပြန်ကြည့်လာဖို့ အရေး
ပြားပြားဝပ်ပေးခဲ့တဲ့ ငါပါ.....
ယုံနော် ထပ် မပြောနိုင်တော့ဘူး
အဲသလောက် ခက်တယ်....။

မှူးဒါရီ

5 comments:

ကိုရင်နော်ခင်လေးငယ် said...

ခက်.. ခက်.. ခက်တယ်.. ခက်တယ်..
အဲ့လောက်ကို ခက်တယ်.. ဟုတ်..!း)

ဘာတဲ့ ပေါက်ထွက်မတတ် ယောက်ယက်ခတ်နေတဲ့ ဦးနှောက်နဲ့ နှလုံးသားကို သဲအိတ်ကြီးလို စိတ်ရှိတိုင်း ထိုးချေပစ်လိုက်ချင်ပါရဲ့ .... တဲ့

“ဗုန်း ဗုန်း ဗုန်း” နဲ့ နေမှာနော်.. ဒါမှ မဟုတ်.. “အုန်း.. အုန်း..”း)

စတာပါနော်.. :P ကဗျာလေး က တကယ်ကောင်းတယ်..

ခင်မင်စွာဖြင့်

ကိုရင်နော်

လင်းဦး(စိတ်ပညာ) said...

တိုက်ဆိုင်ချိန်တိုင်းမှာ
တချက်လောက် နောက်ပြန်ကြည့်လာဖို့ အရေး
ပြားပြားဝပ်ပေးခဲ့တဲ့ ငါပါ.....
ယုံနော် ထပ် မပြောနိုင်တော့ဘူး
အဲသလောက် ခက်တယ်....။

ရေးတတ်လိုက်တာ ညီမငယ်ရေ...

အဲ့သလောက်ခက်တာတောင် အဲ့သလောက်ခက်တယ်.. :P

ရွှေပြည်သူ said...

ကဗျာကောင်းတွေ ဖတ်ရတာကို သိပ်နှစ်သက်ရတဲ့ အဓိက အကြောင်းတွေထဲမှာ ဖတ်တဲ့အချိန် စကားလုံးတွေကြောင့် ရင်ထဲမှာ ပြန်ရေးမပြတတ်တဲ့ လှိုက်ကနဲ သဘောကျ ကျေနပ်မှုလေးဖြစ်ဖြစ်သွားတာ ကြောင့်လည်း ပါပါတယ်။ ဒီကဗျာလေးက အဲဒီခံစားချက်ကလေးကို အပြည့်အဝကိုပေးပါတယ်။ သိပ်လှတဲ့ သိပ်ကောင်းတဲ့ ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ် ညီမလေး မှူးဒါရီရေ...

Mr.Guiter said...

တစ်ယောက်ကျောပေးထားရတဲ့ အရပ်ကို တစ်ယောက်မျက်နှာမူထားရတယ်ဆိုတာ >> ဒီလိုမျိုးပေါ့နော်...
အဲ့ဒိပထမဆုံး စာသားလေးကြိုက်တယ်ဗျ။

အိုင်လွယ်ပန် said...

တယောက် ကျောပေးထားတဲ့ အရပ်ကို
တယောက် မျက်နှာမူထားရတာ... ဘယ်လောက် ခက်လဲ

သိပ်ဟုတ်တာပေါ့ဗျာ ....