Tuesday, June 23, 2009

“ထစ် ချုန်း မိုး”


နင့် အရိပ်အကဲကို ကြည့်ပြီး
နှုတ်ဆိတ် နေရတဲ့ ညတိုင်းမှာ
သက်ပြင်းတွေကတောင် ဖျဖျလေး မှောင်မိုက်နေခဲ့ရဲ့ 

တမ်းတ ပြင်းလွန်းလို့...
ကွဲဟ လာတဲ့ နှုတ်ခမ်းပါး တွေ အသာအယာပြန်စေ့
လည်ပြွန်တလျှောက်..
စကားလုံးတွေနဲ့ ခြောက်သွေ့ဆို့နင့်လာတိုင်းလည်း
တကျော့ပြန် အတိတ်ထဲ
(ငါဟာ) အရိပ်သဏ္ဍာန် လွင့်ပါး
နင်မပါတော့တဲ့ မနက်ဖြန်တွေကိုေ၀၀ါးပစ်လိုက်ချင်တာပဲ သိတော့တယ်

ကံကြမ္မာ ခြေသလုံးကို ဖက်ထားတဲ့
ဝဋ်ကြွေး ကြောင့် အေးခဲနေတဲ့ ငါ့လက်တစုံအတွက်
အစွဲအလမ်းဖြည် တဲ့ဆေး
နင့်မှာ မခဲယဉ်းပေမယ့်
ကျန်တဲ့ ဘ၀တခြမ်း ပုတ်သွားအောင်
ကျောသတ်ဆက်ဆံရေးတွေ စွမ်းလွန်းတော့
မာနတွေ အပိုးကျိုးကြေခဲ့တာပဲ ကြည့်...................

မသိရဲ လို့ မသိခဲ့တာပဲ ရှိမယ်
နင် ချည်ခဲ့သမျှ သံယောဇဉ်နဲ့
နင် ဆော့ကစား နေကျ ကြိုးကွက်တွေအောက်
ငါ့လိပ်ပြာဟာ ကြိမ်ဖန်များစွာ သေဆုံးပြီးနှင့်နေခဲ့ မှာပါ

စိတ်ပင်ပန်းလို့
မျက်ခွံကို ပိတ်ချလိုက်တဲ့အခါ
အိပ်ပျော်သွားဖို့ပဲ (ဒီတခါ) ငါ လိုချင်တော့တယ်
နိုးတ၀က် အိပ်မက်ထဲကို ၀င်မလာခဲ့ပါနဲ့
အပြင်မှာ ညိုနေခွင့်ပဲ ရမယ့်
အလွမ်းဆိပ်တွေက.........
ရင်ဘတ်ထဲမှတော့ ထစ် ချူံး မိုး ရွာ နေလိမ့်မယ်...။

မှူးဒါရီ

စာကြွင်း။ ။ တိုက်ဆိုင်စွာနဲ့ပဲ နာမည်ကြီးသီချင်းတပုဒ်ရဲ့  ခေါင်းစဉ်ကို ယူသုံးထားကြောင်း အကဲ့အရဲ့လွတ် ၀န်ခံပါရစေ။

6 comments:

လင်းဦး(စိတ်ပညာ) said...

စိတ်ပင်ပန်းလို့
မျက်ခွံကို ပိတ်ချလိုက်တဲ့အခါ
အိပ်ပျော်သွားဖို့ပဲ (ဒီတခါ) ငါ လိုချင်တော့တယ်
နိုးတ၀က် အိပ်မက်ထဲကို ၀င်မလာခဲ့ပါနဲ့
အပြင်မှာ ညိုနေခွင့်ပဲ ရမယ့်
အလွမ်းဆိပ်တွေက.........
ရင်ဘတ်ထဲမှတော့ ထစ် ချူံး မိုး ရွာ နေလိမ့်မယ်...။

ခံစားချက်တွေလား ညီမငယ်ရ....ဟူ... အဲ့အလွမ်း အဲ့အလွမ်း တော်တော်ဆိုးတဲ့သူပဲ.. :P

နွေညို said...

ပထမဆုံး ဖတ်ခွင့်ရလို့ ကျေးဇူး အစ်မ . . . .

သိပ်ပြီးမခံစားနဲ့နော် ပင်ပန်းပါတယ်ဗျာ...

ဘာပဲဖြစ်ဖြစ် ကဗျာလေးက အရမ်းကောင်းတယ်

အိုင်လွယ်ပန် said...

မှူး..ရေ...ထစ်ချူန်းမိုးက
တော်တော်ကောင်းကွာ....
စကားလုံးတွေအားကောင်းလှချည်လား...။။။

စကားမစပ်...ဟန်နီ..ဘတွေလုပ်နေလဲကွာ
ဒင်းကဗျာမရေး...စာမရေးနဲ့.....။။။

emayarKhin said...

မှူး..ရေ....ထစ်ချုန်းမိုးက
တော်တော်ကောင်းတာပဲ.....
စကားလုံးတွေကအားပြင်းလှချည်လား။။။။
ခံစားချက်တွေပါနေတယ်လား......
စကားမစပ်..ဟန်နီဘာတွေလုပ်နေလဲ
မသိဘူးနော်....

Mhu Darye said...

မမရာ နဲ့ ကိုအိုင်လွယ်ရေ...
မှူးလည်း ဟန်နီ့ ကို လေးခွနဲ့ ချောင်းနေတယ်..သိလား ဟီးး။

ဒါနဲ့ မန့်တာတွေ တူနေတာလား? တယောက်တည်း အကောင့် ၂ခု နဲ့ မန့်တာလား?
ဘယ်လိုလဲ ဘယ်ဝါလဲ တွေးမိနေတယ်။
း)

အိုင်လွယ်ပန် said...

မန့် မလို့လာပါတယ် ..
ဘယ့် နှယ့် မန့်ပြီးသားဖြစ်နေရသတုန်း ...

ကျွန်တော်တောင်ဇဝေဇဝါဖြစ်သွားတယ် ...

အဲဒါပဲဗျာ ...
ကလေး လက်ထဲ password ပေးထားရတာမကောင်း ...
လက်က ဆော့ ပါဘိသနဲ့ :)