Thursday, July 2, 2009

“အာရုဏ်ဦး အိပ့်မက်ဆိုး”


စိတ်အိမ်ထဲက
စိတ်အိုက်စရာတွေ အပြင်
ဝေးသထက် အဝေးဆုံး အရပ်က
ရော်ရွက်ဝါတွေ ခင်းထားတဲ့ ကျောက်စရစ် လမ်းလေးလဲ
ရှိမယ်..
ရှိလည်း ရှိခဲ့တယ်..

(တဆိတ်...................................။)

ထိုင်နေကျ လှေကားထစ်များ၊
ဟယ်လို ထူးနေကျ ၀ရံတာ နား
တခေါက်တခါ ရပ်တန့်၊
အဆောင်အပြင်ဖက် ကို
ဖြတ်သွားဖြတ်လာ မင်း လှမ်းကြည့် ဖြစ်သေးလား?

(ဟုတ်မှာပါ....................................................။)

နွေ ရောက် ပြန်လို့.....နှင်းဟာ အရည်ပျော်သွားပြီ ဆိုရင်တောင်
စမ်းချောင်းလေး လို တိုးထွက်
စီးဆင်းမြဲ စီးဆင်း နေ မယ့်
မျှောင်လင့်ခြင်း အငွေ့အသက် လက်ကျန်တွေတော့ ရှိဦးမလားလို့..။

အတွေးနဲ့ ရေးခြစ်ပြီး
အနက်ရှိုင်းဆုံးမှာမှ မှတ်တမ်းတင်ဖြစ်တဲ့ ကဗျာ
နှိုင်းယှဉ်စရာ စကားလုံးတွေ ပျောက်ရှ ကောင်းနေတုန်းပဲ..

ကိုယ့်ဖောင် ကိုယ်ဖျက်ခဲ့တဲ့
နောင်ရိုးတိုက်ပွဲ ဆန်ဆန် နှလုံးသား ရယ်ကြောင့်

ထွက်ပေါက်နဲ့ လွတ်မြောက်ရာကို
အစီအစဉ်တကျ လွဲချော်နေရတာလည်း
လိုရာပဲ ဆွဲတွေးပြီး

(စိတ်ချ..............)

ကိုယ် ပျော်မှာပါ..။

မှူးဒါရီ

8 comments:

နွေညို said...

ပျော်နေဖို့ မျှော်လင့်တယ်နော အစ်မ..

mgphonemyint said...

အတွေးနဲ့ ရေးခြစ်ပြီး
အနက်ရှိုင်းဆုံးမှာမှ မှတ်တမ်းတင်ဖြစ်တဲ့ ကဗျာ...........


ဟုတ်ကဲ့ ဖတ်သွားပါတယ်

Eaindra said...

ကိုယ့်ဖောင် ကိုယ်ဖျက်ခဲ့တဲ့
နောင်ရိုးတိုက်ပွဲ ဆန်ဆန် နှလုံးသား ရယ်ကြောင့်

Status မှာတင်ထားတာတွေ့ကတည်းက သသောကျနေတာ..

စိုင်းစိုင်းလားရှိုး said...

ကဗျာကောင်းလေး လာခံစားပါတယ်
နောင်ရိုးလို ဖောင်ဖျက်တယ်ပေါ့ ထိတယ် အဲ့ဒီနေရာ...

ဆောင်းယွန်းလ said...

ထွက်ပေါက်နဲ့ လွတ်မြောက်ရာကို
အစီအစဉ်တကျ လွဲချော်နေရတာလည်း
လိုရာပဲ ဆွဲတွေးပြီး

(စိတ်ချ..............)

ကိုယ် ပျော်မှာပါ..။
ကဗျာလေးကောင်းတယ်ညီမရေ.
ထွက်ပေါက်နဲ့လွတ်မြောက်ရာကို အစီအစဉ်တကျလွဲချော်နေရတယ်တဲ့လား...

အိုင်လွယ်ပန် said...

အတွေးနဲ့ ရေးခြစ်ပြီး
အနက်ရှိုင်းဆုံးမှာမှ မှတ်တမ်းတင်ဖြစ်တဲ့ ကဗျာ

နောင်ရိုးတိုက်ပွဲ ဆန်ဆန် နှလုံးသား

(စိတ်ချ..............)

ကိုယ် ပျော်မှာပါ..။

အသုံးလေးတွေ သဘောကျမိတယ်ဗျာ ...

emayarKhin said...

ထွက်ပေါက်နဲ့ လွတ်မြောက်ရာကို
အစီအစဉ်တကျ လွဲချော်နေရတယ်
ဆိုပါလား....သိပ်ကောင်းတဲ့စာသား
လေးပဲကွာ.......ကြိုက်တယ်....။။။

Unknown said...

COPYကူးလိုက်ပါပီGOOD