Sunday, August 2, 2009

“သစ္စာ ဆိုခန်း”


ငါလား.. ၊အညှာလွယ်ခဲ့တယ်ဆိုရင်
မဟုတ်သေးပါဘူး

အတွယ်အတာတွေ ဖြတ်တောက်ပြီး
မက်မောစွာ ခုန်ပေါက် ဆင်းလာခဲ့
ငါက...
(ချစ်သူအပေါ်)
ထီးရွက်လိုကျင့်ချင် တဲ့ သစ်ခက်လေး သာပါ..။

ငါကလား...? ၊
ခေါင်းပန်း လှန် ရွေးချယ်မှုတွေနဲ့
အလေ့ကျ ပေါက်ရောက်တဲ့ မျိုးစေ့
မဟုတ်သေးဘူး..။

တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ... အိပ်မက်လေးကို
လက်တွေ့  အကောင်အထည်ဖော်ပြဖို့
ငါက...
(ချစ်သူ အနမ်းပွင့်တွေကြောင့်)

အသက်ဝင်လာတဲ့ နှုတ်ခမ်းလေးသာပါ...။

ငါလား...၊ ဝေဒနာတွေကို စုတ်ထိုး
ဆူးတွေကို ကုန်းပိုးထားတဲ့ ခရောင်းလမ်း
မဟုတ်ရပါဘူးကွယ်...

ငဲ့လင့်နေတဲ့ ကွက်လပ်လေးထဲကို
အမြဲစိမ်းလန်းပါစေသား အကြံနဲ့
ငါက
(ချစ်သူ ချမ်းမြေ့ အောင်လို့)
တရစပ် ကျဲဝင်လာတဲ့ နွေအကုန် မိုးဖွဲလေးသာပါ...။

မှူးဒါရီ

7 comments:

ဖုန်းမြင့် said...

ဂရိတ်...ဒီကဗျာကို မြင်ဘူးသလိုရှိတယ်း)
အမှတ်မှားတာ ဖြစ်မှာပါ ...။

Mhu Darye said...

အမှတ်မှားတာ မဟုတ်ပါဘူး။ ဒီကဗျာပါပဲ။ အကြံကုန် ဂဠုန် ဆားချက် မိတာပါ။
း)

အိုင်လွယ်ပန် said...

ကဗျာကောင်းလေးပဲ
ကြိုက်တယ်ဗျ ...

ဆောင်းယွန်းလ said...

သိပ်လှတဲ့ သစ္စာဆိုခန်းပါလား

ငဲ့လင့်နေတဲ့ ကွက်လပ်လေးထဲကို
အမြဲစိမ်းလန်းပါစေသား အကြံနဲ့
ငါက
(ချစ်သူ ချမ်းမြေ့ အောင်လို့)
တရစပ် ကျဲဝင်လာတဲ့ နွေအကုန် မိုးဖွဲလေးသာပါ...။
အလှဆုံးနေရာလေးပါပဲ
တပုဒ်လုံးလည်းကောင်းပါတယ်ညီမရေ

အမရာ said...

ငါက
(ချစ်သူ ချမ်းမြေ့ အောင်လို့)
တရစပ် ကျဲဝင်လာတဲ့ နွေအကုန် မိုးဖွဲလေးသာပါ

ကြိုက်မိပါတယ်........

pandora said...

ကဗျာလေးလှတယ်...

ရွှေပြည်သူ said...

နူးညံ့ပေမယ့် ခိုင်မြဲတဲ့ သစ္စာတစ်ခုကို ခံစားသွားပါတယ်... “နွေအကုန် မိုးဖွဲလေး” ဆိုတာလေးက ချစ်စရာကောင်းလိုက်တာ...