Thursday, August 20, 2009

“ကိုယ်ထင်ရာ ပုလဲ”

“ကိုယ်ထင်ရာ ပုလဲ”

မနေ့က
ဒီကနေ့ ဖတ်ရအောင်ဆိုပြီး
တန်ရာတန်ကြေးထက် အဖိုးတန်တာတွေ စတေးလို့
ကမာခွံထဲက
ကဗျာ တပုဒ် ၀ယ်ခဲ့တယ်

သက်တောင့်သက်သာ အိပ်စက်ရတာထက်
ကဗျာတပုဒ် ဖတ်ရတာ တန်တယ်လို့
ကိုယ်လိုရာ ကိုယ်ဆွဲတွေးပြီး
ဈေးမဆစ်ပဲ ၀ယ်ခဲ့
ကိုယ့်ကြောင့် မဟုတ်ခဲ့ရင်တောင်
ဘယ်သူကြောင့် ဘယ်ဝါကြောင့်
အတွင်းနက်နက်ထိ သိခွင့် မရချင်ဘူး
သွေးသားအဆီအနှစ်တွေ ပေကျံနေတဲ့ ကဗျာဟာ.............
ဒီနေ့မှာ ပထမဆုံး ပွေ့ဖက်ခွင့်ရတဲ့ လရောင်နဲ့ တူရမယ်
ပျော်ရွှင်ခြင်းတွေ ပေါက်ဖွားခွင့် ရတဲ့ စက္ကန့်အပိုင်းအခြားလည်းပဲ ဖြစ်ရမယ်
အပြုံးတွေကို ခြယ်လှယ်ကြီးစိုးတဲ့
လက်လှမ်းမမီတဲ့ ပိတောက်ကိုင်းခက်...ဖြစ်နေက ဖြစ်ပါစေ
ဘာ့တွက်လဲ ဘာကြောင့်လဲ
မျှော်လင့်ချက်နဲ့ မေးခွန်းတွေ မထုတ်ဘူး
တညတာ မတွေ့ရတာထက်...
ကဗျာတပုဒ် ဖတ်ရတာ တန်တယ် သဘောထားပြီး
ကိုယ်လိုရာ ကိုယ်ဆွဲတွေးပါတယ်
ဒါကြောင့်ပဲ မနေ့က ကြိုဝယ်ထားတဲ့ ကဗျာကို
ဒီကနေ့ပဲ ဖတ်ဖြစ်အောင် ဖတ်လိုက်တယ်

ရည်စူးတာတွေ ကြည်နှူးတာတွေ
ပေးပေး မပေးပေး
လှို့ ဝှက်ချက်တွေ ထိုးနှက်ချက်တွေ
ပါပါ မပါပါ
အဆုံးမှာ အဆုံးနဲ့ တူတဲ့ ရသ တခုကိုတော့
ကဗျာ အဆုံးမှာ
ထုံးစံအတိုင်း ရှာဖွေ တွေ့ ရှိရဲ့ ...၊

ပြန်အံမထုတ်တော့ဘူး......၊

ကဗျာနဲ့ တူအောင် ထွင်းထုထားတဲ့
ချဉ်စူးစူး ကြီးပါလားကွယ်...။

မှူးဒါရီ

6 comments:

emayarKhin said...

မနေ့ကကြိုဝယ်ထား
တဲ့မှူး...ရဲ့ကဗျာကို...
မနေ့ကပဲခိုးဖတ်လိုက်မိ...
မဟုတ်ဘူး..ဒီနေ့လာဖတ်တယ်....

:P

ainlwaepan said...

ကိုယ်ထင်ရာပုလဲ ...
လိုရာဆွဲတွေးသွားပါတယ် :)

ဆောင်းယွန်းလ said...

အဆုံးမှာ အဆုံးနဲ့ တူတဲ့ ရသ တခုကိုတော့
ကဗျာ အဆုံးမှာ
ထုံးစံအတိုင်း ရှာဖွေ တွေ့ ရှိရဲ့

အရေးကြီးတယ်...တွေ့ရှိဖို့အရေးကြီးတယ်...
ရှာဖွေရက်သားနဲ့မတွေ့ရှိခဲ့ရင် ဟာတာတာကြီးဖြစ်နေမှာပေါ့

ဒီဝိုင်း (D'vine) said...

ဒီကဗျာလေးကြိုက်တယ်း)

ဆူးရင့် said...

ရည်စူးတာတွေ ကြည်နှူးတာတွေ
ပေးပေး မပေးပေး
လှို့ ဝှက်ချက်တွေ ထိုးနှက်ချက်တွေ
ပါပါ မပါပါ
အဆုံးမှာ အဆုံးနဲ့ တူတဲ့ ရသ တခုကိုတော့
ကဗျာ အဆုံးမှာ
ထုံးစံအတိုင်း ရှာဖွေ တွေ့ ရှိရဲ့ ...၊
ကဗျာလေးက လှ။ စာသားလေးတွေကလည်း လှတယ်။
သဘောကျ နှစ်သက်မိပါတယ်။

Kaung Kin Ko said...

ကဗျာလေး မိုက်လှချည်လား။ ဒါနဲ့ ...ဘယ်တွေပျောက်