Thursday, November 26, 2009

“အဓိပ္ပာယ် ဖွင့်ရလွယ်သော ခံစားချက်”

“အဓိပ္ပာယ် ဖွင့်ရလွယ်သော ခံစားချက်”

မျက်စိတဆုံး အေးစက်စက် နံရံများ
လိမ္မော်ရောင် အလင်းစက်တို့ ဖြန့်ကျက်လျက်ရှိသော စားပွဲတင် မီးအိမ်များ
မိတ်ကပ်အဖွေးသားနှင့် ကောင်တာများ
စိတ်လှုပ်ရှားခြင်း အပြည့်အ၀ ဖော်ကျူးနေသော မျက်နှာသေများ
ကိုယ့်အလှည့် ရောက်လာနိုးနိုး ပြန်လည်စောင့်စားတတ်လာသော အချိန်များ
stock shares ကဲ့သို့ အတက်အကျ အပြောင်းအလဲ မြန်သော မျှော်လင့်ချက်များ
သက်သောင့်သက်သာ ထွက်ခွာ သွားကြသော ရယ်မောသံများ
တရွေ့ရွေ့ ၀င်ရောက်လာကြပြန်သော သက်ပြင်းမောများ
နေ့သစ်နှင့် မတူသော မနက်ခင်းများ
လူမများအပ်ရာ အခန်းထဲသို့ ပါ
ငါလည်း အစောကြီး ရောက်၍ နေခဲ့သည်။

မှူးဒါရီ

5 comments:

ShwunMi- said...

ပေါ်လာသေးတယ်နော်..
ဘယ်ရောက်ရောက် သတိရလျက်ပါ..

ဆောင်းယွန်းလ said...

ဘဝဆိုတာ အဓိပ္ပာယ်တွေပြည့်နှက်နေတဲ့ ခံစားချက်တွေပေါင်းဆုံရာ မြစ်တစင်းပါပဲ ညီမလေးရေ...

အိုင်လွယ်ပန် said...

ကဗျာဖတ်သွားတယ်ဗျ :)

emayarKhin said...

ကဗျာလေးကဆန်းနေတယ်....

Unknown said...

မိုတ်တယ် ကဗျာလေးတွေက