Thursday, December 10, 2009

“အကယ်၍များ ငါတို့ ပြန်မဆုံဖြစ်ကြရင်”

စိတ်ညစ်လွန်းတဲ့ အခိုက်
ခေါင်းငုံ့ထားပါတယ်
တံတားထိုးတယ် ထင်ရင်
စိတ်ချလက်ချ နှင်းဖြတ် သွားပါ...

နင် ပျော်မယ် ထင်တဲ့ ဟိုတဖက်ဆီ
ဘေးကင်းစွာ ရောက်ပါစေ

ရီဝေနေတဲ့ မျက်ဝန်းအိမ်ဟာ
ခေါင်းအမော့ တချက် အငေး
ရှင်သန်ရပ်တည်ရန် အဓိပ္ပာယ် မပေးစွမ်းနိုင်တော့သလို
ငါ့အပေါ် ဖောက်ထွင်း ကျွံကျ.....

တိမ်လွှာရင်အုံထဲကအိပ်မက် ကိုမှ
ဒီကလည်း တမ်းတသည်လေ


ဝေးသွားခဲ့ကြမယ် ဆိုရင်မျိုး မပြောပါနဲ့.....................


ငါးမျှားချိတ်ဆီ အရောက် ကူးခပ်၊ ငါးကလေးနဲ့ တူတဲ့ ငါက
ဒါမှမဟုတ်
နင့် အမြင့်မြတ်ဆုံး အသည်းအိမ်ကို ချိန်ရွယ်ပစ်ခဲ့တဲ့
သွားကြားထိုးတံလေး တချောင်းနဲ့တူတဲ့ ငါက

မီးလျှံလေးကိုမှ ပိုက်ထွေးယုယဖို့ ချည်းကပ်
မိုက်ရူးရဲဆန်တဲ့ ပိုးဖလံလက်တစုံ ဖြစ်ရလည်း ကျေနပ်မှာ...။

မှူးဒါရီ

6 comments:

အိုင်လွယ်ပန် said...

လှတယ် ....။

အမရာ said...

ကြေကွဲစရာ.....

သက်ဝေ said...

ကဗျာလေးရော ခေါင်းစဉ်လေးပါ လှတယ်...။
ပြန်ဆုံနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်ပါတယ်...

နွေညို said...

လွမ်းလို့မဆုံး . . . .ပဲ

Mhu Darye said...

ဘာဖြစ်လဲ ကိုယ့်ဖာသာ ရူးတာ..အေးဆေးနေ :P

Thet HninHtike said...

ခံစားရတယ်​ ... . ပြန်​ဆုံဖို့ဆိုတာမဖြစ်​နိုင်​ဖို့များပါတယ်