Saturday, December 26, 2009

“မကျွမ်းကျင်တဲ့ ဘာသာရပ်”

“မကျွမ်းကျင်တဲ့ ဘာသာရပ်”

မဆင်မခြင် တိုးဝင်လာတဲ့ အမှိုက်တစအတွက်
မျက်လုံးအိမ် မျက်ရည်ကျ သလိုမျိုး

သူ့ အနီးနား ရှိနေချင်တဲ့စိတ်
အလှမ်းဝေးဆဲ ဖြစ်ကြောင်း အမှတ်ရစေတဲ့ အတိတ်နမိတ်...ဖြစ်ဖြစ်နေခဲ့..။

မကြားချင်ယောင်ဆောင်ပြီး
နားစွင့်မိသေးတဲ့ သတင်း တချို့
အမြဲတမ်း နီးပါး၊
ကိုယ်ချင်းစာတရား ဆင်းရဲ လိုက်ပုံ က

ကိုယ့်ရင်ခုန်သံ ကိုယ် ပြန်မကြားဝံ့လောက်အောင် ဆွံ့အ
မျှော်လင့်ချက်တွေမှာလည်း အိုမင်း ရွတ်တွ.......။

တမင် မေ့ပစ်ချင်မှ
ပို တိုက်ဆိုင်တတ်တဲ့ သဘောတခု နဲ့
အပေါင်း အနုတ် အမြှောက် အစား၊
အတွက်အချက် ကိုယ်...ဘယ်လို သတိထားနေခဲ့တောင်

မပိုင်ဆိုင်ရခြင်းသာ လက်ရှိ ပြဿနာ
အဖြေမရှိသော ပုစ္ဆာ နောက်ဆက်တွဲ
အချစ်သင်္ချာ ဘာသာရပ်......................
ခလုတ်ထိတိုင်း
သူ့ နာမည် တတုန်း ဖြစ်တယ်။

မှူးဒါရီ

2 comments:

နွေဆူးလင်္ကာ said...

ခလုတ်ထိတိုင်း သူ့နာမည် တ မိတုန်းပဲ ...
ကဗျာလေး ဖတ်သွားပါတယ်

mgphonemyint said...

ကဗျာကောင်းလေး တပုဒ်ပါပဲ ကဗျာရေးသူရဲ့ စိတ်ကို အတိုင်းသားမြင်ရပါတယ်...။