Thursday, July 29, 2010

“တနင်္ဂနွေသူခိုး”


ဝမ်းနည်းမှတ်တိုင်တွေ....မျက်စိတဆုံးးးးးး
လိပ်ပြာတောင်ပံခတ်သံ မတိုင်မီ
ကမ္ဘာ အခါခါ ပျက်သုဉ်းနှင့်မှာလား...။


ဘာကိုလိုချင်မှန်းမသိတဲ့ လိုအပ်ချက်တွေနဲ့
ထိတွေ့ ကျွမ်းဝင် ဆော့ကစားမိချိန်...
အချစ်က
ပြတင်းက လှမ်းမြင်နေရတဲ့ သစ်ရွက်လေးတရွက်လို
ပြုတ်ကျလု ပြုတ်ကျဆဲ
တဲတဲလေးမှ တကယ့်တဲတဲလေး

ဒီလို ခိုင်မြဲ ပြရဲခဲ့....။

ဘယ်မှောင်မိုက်ခြင်းမျိုးထဲ ငါ့ကိုယ်ငါ ထွန်းညှိလိုက်မှ
စက္ကန့်ပိုင်းခြားလောက်ပဲဖြစ်ဖြစ်
တိတ်ဆိတ်သွားမယ့် တုံ့ပြန်မှုကို ရမလဲ?

ဒီမှာ
လွင့်ဆိုတော့လွင့်လိုက်ရ
လာဆိုတော့လာလိုက်ရ
လက်ညိုးထိုးစေရာ
အလွယ်ရတဲ့တန်ဖိုးတွေထဲ
လုံးလည်ချာလည်........................
အလွယ်မရတဲ့တန်ဖိုးတွေလည်း
လုံးလည်ချာလည်.....................................။

ဘယ်သူတွေ ဘယ်နေရာကနေ ကြည့်ကြည့်
ဘယ်လိုအကြည့်မျိုးနဲ့ ကြည့်ကြည့်
ဘယ်လို မျက်နှာထားမျိုးနဲ့ ကြည့်ကြည့်
နောက်တလှမ်းဆုတ်စရာ ထောင့်ချိုးပိတ်ထဲ
လင်းချင်းခွင့်တွေ ခေါက်ချိုးသိမ်းဆည်း
ဖယောင်းတိုင်ဆန်ဆန် ခရီး ဆက်နေခဲ့တာ.....

သူရယ် ကျွန်မရယ် အနာဂတ်ရယ်၊
မည့်သည့်ဇာတ်မှ ပူးတွဲကပြန်ရန် မရှိတော့ပါ။


မှူးဒါရီ

2 comments:

ရွှေပြည်သူ said...

“သူရယ် ကျွန်မရယ် အနာဂတ်ရယ်၊
မည့်သည့်ဇာတ်မှ ပူးတွဲကပြန်ရန် မရှိတော့ပါ။” ဆိုတဲ့ အဆုံးသတ်ကို သိပ်ကြိုက်မိပါတယ်။ ကဗျာရေးတာ သိပ်ကောင်းတာပဲ မမှူးဒါရီရေ...

အမရာ said...

မှူးရဲ့ကဗျာတွေအရမ်းအရှိန်တက်လာတယ်..
အားကျတယ်..