Tuesday, August 31, 2010

အရူး ၂


ဖန်ထည်ကြွေထည်လို အကြည့်တွေ
အဖျားအနားဟာ တဖျတ်ဖျတ်လွှင့်လို့
သံယောဇဉ်ဟာ မူးယစ်ဆေးပဲလို့ ပြောရင်မှားမလား
မခံနိုင်တဲ့အဆုံးမှာတောင် မလွှတ်ချမိဘူးး

အပိုင်မရရင် ဘာမှမလိုချင်တာရိုး အမှန်ပါ
တစွန်းတစ အပဲ့အခြမ်းလေးတွေ
ပေးနေကျအတိုင်း နင်ပေးလာတော့
ငါကလည်း ကောင်းကင်ပေါ် ပစ်ပစ်တင်မိတာ
ခုဆို နေ့ရော ညပါ ညစ်ပြာပြာနဲ့။

ခြေလှမ်းတွေ နောက်ပြန်သွားအောင် ညို့တယ်
ချည်နှောင်ထားတယ်လို့ ထင်ယောင်ထင်မှားအောင် ညို့တယ်
ပုံပြင်ပြောကောင်းတဲ့ ညောင်ပင်ကြီးရေ...
ဥဩလို အလွမ်းကိုငုံပြီး
အများတကာတွေ ဝေကြကြွေကြမြင်ရုံတင်
ငါလေ တလှပ်လှပ်ရင်ခုန်နေရပြီ

နဖူးကို လက်ညိုးလေးနဲ့ တောက်ပြီး
ခေါက်ရိုးကျေနေအောင် အညှာလွယ်တယ်လို့ ပြောပါ။

မှူးဒါရီ

1 comment:

နွေညို said...

ဟုတ်တယ် သံယောဇဉ်ဟာ မူးယစ်ဆေးပဲ . . . ဖြတ်ရခက်တယ်