ကိုယ်တိုင်တည့်မတ်နေရင်းက
ကိုယ်တိုင် စောင်းရွဲ့နေခဲ့
လက်တွေနဲ့ လမ်းလျှောက်ကြည့်ဖူးပြီ
မျက်လုံးများဖြင့် အကျွမ်းတ၀င်ဖြစ်ခဲ့ဖူးပြီ
ပင်လယ်ကမ်းခြေဘက်
အလည်အပတ် တခေါက်တလေမှ
မရောက်တာ ကြာပြီ
စံပယ်တွေလှအောင်
မိုးစက်တွေက စတေးခံကြ
သူတို့ကိုယ်သူတို့ ဖြိုခွဲကြ..
သူနှင့် သူမတို့ကြား
အလင်းနှစ်သန်းပေါင်းများစွာ.. ရာဇ၀င်တွင်.. ..
အချစ်က ဒဏ္ဍာရီဆန်မယ်
အလွမ်းက အိပ်မက်ဆန်မယ်
လမ်းဆုံလမ်းခွဲတွေက အမိန့်ဆန်မယ်
ဘ၀က လက်တွေ့ဆန်ုမယ်
လူကူးမျဉ်းကြားတွေရှိနေပေမယ့်
မင်းရော ငါရော...လမ်းဖြတ်မကူးရဲခဲ့ဘူး
အချိန်မကျသေးသလို
စာရွက်လွတ်လေးကို
ခေါက်လိုက် ဖျည်လိုက်
ဖွင့်လိုက် သိမ်းလိုက်။
ခေါက်လိုက် ဖျည်လိုက်
ဖွင့်လိုက် သိမ်းလိုက်။
မှူးဒါရီ
5 comments:
ညီမလေးရေ ...
ကဗျာလေး လာဖတ်သွားတယ်။
ခံစားချက်လေးတွေ မြင်မိသလိုပဲ။
နောက်ဆုံးတစ်ပိုဒ်က ဖတ်နေတဲ့လူစိတ်ကို ရွရွလေး လှုပ်သွားတယ်။ ဒါနဲ့ မမ "ဒဏ္ဍာရီ"က ဒီလိုပေါင်းတာဟုတ်။
လာလည်ပြီး ကောမန့်ပေးသွားတာ ကျေးဇူးနော်မမ။ :))
နေ့အိပ်မက်ရေ..
ဟုတ်မယ်..
အမှားပြောပြတာ ကျေးဇူးးး ;)
ကဗျာချစ်သူမို့ ကဗျာတွေ အားရပါးရ ချစ်သွားပါသည်..။
(ပြတိုက်)
ကဗျာလာဖတ်တယ်..
Post a Comment