Tuesday, September 28, 2010

အရူး ၎


အခြေအမြစ်ရှိတာဆိုလို့ ဘာမှ ရှာမတွေ့ဘူး
ဒါပေမယ့်...
မျက်ရည်တွေ ကောင်းကင်ထိ စီးဆင်းတော့မတတ်
ဝမ်းနည်းနေရပြန်ပြီ

တစုံတရာကို မျှော်လင့်ပြီး
ငါးစာ မချခဲ့မိတာ အသေအချာပဲ
ဘာမှဖြစ်မလာခြင်းတွေမှာ
ဘာမှဆက်မဖြစ်ချင်တော့တဲ့အခါ...
စိတ်ဓာတ်ဟာ အစိမ်းသေ သေလိုသေ

တကယ်ဆို အဖွင့် အပိတ်တွေမှာ.
တံခါးရွက်လေး တချပ်သာ ခြားမှာပါ
စိတ်တွေ ရွေ့နေသလောက်
ကျန်တာ ဘာမှ လိုက်မရွေ့တော့မှ
သေချာခဲ့ရ

(နင်ရေ...)
ရက်စက်လိုက်တာလို့တောင် မပြောရဲ ပါဘူး.. ... ..

ဘယ်အကန့် ညာအကန့် ဘာအကန့်
စည်းတွေ ဘောင်တွေ လျှမ်းလျှမ်းတောက်နေတယ်.. ... ..

ဆန္ဒတဆုံး ဦးထိုးစိုက်ပစ်တတ်တဲ့ ဟော့ရင်ထဲ
ငရဲတွေ ပွင့်စေရော့.. ... ..

ရင်ဘတ်ထဲကနေ လှိုင်းပုတ်သံ ကြားနေရတယ်
ညံ့ဖျင်းသူဟာ ဘာသာ မပြန်တတ်ဘူး.....
ဘောင်ဘင်ကို ခတ်နေတော့တာပဲ။

မှူးဒါရီ

No comments: