Thursday, October 14, 2010

“ဇာတ်ပို့”


ငါ့မှာ သွေ့ခြောက်ရလွန်းလို့
ကိုယ့်ဖနောင့်တောင် ကိုယ့်ကျောပေါ် ပြန်မိုးတော့မတတ်

ခံနိုင်တရားဆိုတာ
အစွယ်သွား ဖွေးဖွေးကြွားကြွားကြီးတွေနဲ့
သားဖျက်ဝံပုလွေတွေရဲ့  အလည်က နောက်ဆုံးကျည်ထိုးထားမယ့်
သေနတ်တလက်ဆိုရင်...
တော်ပါတော့...လို့
တောင်းပန်လည်းအပို ဖြစ်ပြီ

လေးစားသောအားဖြင့်
အနှူးအညွှတ် ပန်ကြားသောအားဖြင့်
တန်ဖိုးထားသောအားဖြင့်
သနားသောအားဖြင့်
အားကိုးအားထားပြုသောအားဖြင့်
ချစ်ခြင်းအားဖြင့်

ဒီဇာတ်သိမ်းမှာ
မင်းကိုယ်တိုင် မောင်းဖြုတ်မှ..။

မှူးဒါရီ

1 comment:

emayarKhin said...

ကြိုက်၏။။။