Saturday, February 5, 2011

အလွန်အကျွံ”


မင်းရဲ့  မက်လုံးတွေက အနီအ၀ါတွေ များတယ်
ငါ့စိတ်ကူးတွေက ဘရိတ်မပါတာများတယ်
ဖော်ပြခြင်း မခံရတဲ့ အရှုပ်အရှင်းတွေကြား
ကိုယ်စီ ကိုယ်ငှ ကိုယ့်နည်းကိုယ်ဟန်နဲ့ မှားဖို့
တပေါက်နှစ်ပေါက် တော်ရုံတန်ရုံ
ကြားခဲ့ရဖူးတဲ့ တန်ဖိုးထားတယ်ဆိုတာ
နေပူမိုးရွာထုတ်မဆောင်းဖြစ်တဲ့ ငပျင်းတကောင်ပိုင်တဲ့ ခေါက်ထီးလိုပဲ။

အဲ့အပြုံးလောက်တော့ သနားတယ်..
အဲ့အပြုံးလောက်တော့ သနားတယ်ကို သနားတယ်...။

တံခါးခေါက်သံကို မကြားရခြင်းအကြောင်းက
နိုးထလောင်မြိုက်နေမိလို့ပါလို့ မရှင်းပြဖြစ်တော့ရင်
လေချွန်ပြီး မိုးခေါ်လိုက်ပါ သိမ်းထားပါ
မျှော်လင့်ကြီးစွာ ပြန်ထုတ်ကြည့်ပေးပါ

ဖြစ်ချင်တော့... ကြောင်တကောင်ကို မင်းက ကြောင်လို ချောင်းနေတယ်
ဖြစ်ချင်တော့....တံခါးကို တံခါးလို့ ငါမမြင်ဘူး/တံတားကို တံတားလို့ ငါမမြင်ဘူး
မဖြစ်ဖြစ်တဲ့နည်းနဲ့ အနားနားကို အရောက်လာဖို့သာ သိတယ်
သတင်းစာအဟောင်းတွေနဲ့ စက္ကူသဘောင်္ ခေါက်နေတဲ့ လက်တွေကို
ဘယ်သူ့ဆီကရတဲ့ စွမ်းအားတွေနဲ့ မင်းခုတ်မောင်းနေတာလဲ သူငယ်ချင်း
သူတို့နည်းတူ (ငါလေ) မျောသွားတော့တာပဲ...........................။

မှူးဒါရီ

No comments: