Friday, March 4, 2011

“လွတ်နေသည်”

နားလည်တာ တလုံးတလေ .. နဲ့
လိုအပ်မယ်ထင်ရင် အေးစက် လိုက်ပါ
စကားလုံးတွေကိုယ်တိုင်က ငွေ့ငွေ့ အူနေတော့
ပဲ့တင်ထူးသံ ဟယ်လို အလွတ်တွေနဲ့
လေးပင် လွတ်ထွက်နေရပါတယ်

အခါးကို အခါးနဲ့ ဖေါက်လိုက်မိပြီ
အပေါက်တွေတော့ ဖြစ်သွားတာပဲ
ထွက်လို့တော့ မရဘူး
ထွက်လို့မရပေမယ့် ပြန်ဝင် ချင်လို့လည်း မရဘူး
ပြန်မ၀င်ချင်ပေမယ့် ထွက်ခွာ သွား ချင် ပါ ပြီ

စိတ်ရှိသလို ပြောနေတာ 11:31 PM
ဘာမှ မဟုတ်ဘူးတော့ မဟုတ်ဘူး 11:32 PM
၉၉% ဒါမှမဟုတ် ၀.၉၉ % ဖြစ်ရင် လည်းဖြစ်မယ် 11:33 PM
အမှန် ဒါမှမဟုတ် အမှား
စနေ၏ စွေခြင်း စောင်းခြင်း စုတ်တီးစုတ်ပဲ့ လွဲချော်ခြင်းများ
ချစ်ရတာေ-ါက်ဇယားရှုပ်တယ် မောင်......
ခဏခတ္တစောင့်စားပြီးမှ ထပ်မံခေါ်ဆိုပါရန်ချည်းပဲ လက်ခံရရှိနေပါတယ်။


မှူးဒါရီ

1 comment:

EI CHAW said...

ချစ်ရတာေ-ါက်ဇယားရှုပ်တယ် မောင်......
ခဏခတ္တစောင့်စားပြီးမှ ထပ်မံခေါ်ဆိုပါရန်ချည်းပဲ လက်ခံရရှိနေပါတယ်။

ကြိုက်တယ်ကွာ........