Tuesday, April 5, 2011

”လွမ်းရမှာတွေ များတယ်”

မျှော်လင့်ချက်ကို အားကုန်ပစ်လွှတ်လိုက်တယ်။
သိပ်အဝေးကြီး မရောက်ဘူး။
ဖုန်တောထဲ မြက်ပင်လို ခေါင်းစိုက်နစ်သွားရုံ။
တိမ်တွေ မျက်ရည်ကျမှ သူလို ငါလို ရှင်လိမ့်မယ်
မသိမသာ ကြည့်နေ။

ပြူးတူးပြဲတဲ ပြူးပြူးပြဲပြဲ တွေကမှ မြင်သာထင်သာတယ် ထင်ကြတယ်။
ဒါပေမယ့် ဒါတွေက မမြဲဘူး။ ဘာတွေကမှလည်း မမြဲဘူးရယ်။
တော်ရုံတန်ရုံပဲ ကောင်းပါတယ်။

ညီမလေးရေ... လူဆိုတာ လူလိုနေမှ အဆင်ပြေမှာမို့။
လူတွေအလည်မှာဆိုတော့ လူမြင်သူမြင်ကောင်းဦးမှ။
သဲထဲရေသွန်တာကမှ အကွက်လေးကျန်ဦးမယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။
 ဟာ..ဘယ်လိုကြီးလဲ။
ဖြစ်သလို ဆက်ဆံနေကြတယ်။
အမြီးရှည် ၀ါးလုံးတန်း ချစ်ခြင်းမေတ္တာတွေ။
ဈေးသွားမစစ်နဲ့လေ
တန်ရာတန်ကြေးပဲရမှာပေါ့ ပြောထုတ်လိုက်လိမ့်မယ်
ခေတ်မှီသွားအောင် ခေတ်နဲ့အညီ ပျက်လိုက် ပြင်လိုက်။
အပေါစားလေးတွေ သိပ်ပေါတယ်။
ဝါးလုံးကွဲ ရတက်မအေး။

ရောသောဖောသော
မျောပါရာအရပ်မှာ အိမ်စိုက်မိတော့မလို့ မဟုတ်လား။
အိပ်မက်ထဲက ပခုံးတဖက်ကို အပြင်ဖက်ဆီဆွဲထုတ်လို့မှ မရတာကြီး။
ဖြစ်လေ့ဖြစ်ထတွေပါလို့ စိတ်ပါလက်ပါဖြေကြည့်ပါ။
သူ့ ဆရာပြောတဲ့ စိမ်းစိမ်းမဆိုတာ ကျောင်းဆရာမလေးတွေ တဲ့။
ပေါင်ပြဲမယ့်အကွက်တွေ မလုပ်နဲ့ ဘာညာ။
လွမ်းရမှာတွေ များတယ်။
ကောင်းကင်ဘုံမှာပဲ နေထိုင်ပါ မေမေ။
၇ ရက်နေ့ဆို နောက်ဆံမတင်းပဲ
ရန်ကုန်ကနေ ဆုတ်ခွာသွားလိုက်တော့မလားလို့။


မှူးဒါရီ

1 comment:

လင်းခေတ်ဒီနို said...

ဟာ..ဘယ်လိုကြီးလဲ။
ဖြစ်သလို ဆက်ဆံနေကြတယ်။
အမြီးရှည် ၀ါးလုံးတန်း ချစ်ခြင်းမေတ္တာတွေ။
ဈေးသွားမစစ်နဲ့လေ
တန်ရာတန်ကြေးပဲရမှာပေါ့ ပြောထုတ်လိုက်လိမ့်မယ်
ခေတ်မှီသွားအောင် ခေတ်နဲ့အညီ ပျက်လိုက် ပြင်လိုက်။
အပေါစားလေးတွေ သိပ်ပေါတယ်။
ဝါးလုံးကွဲ ရတက်မအေး။


ကဗျာလေးရဲ့ ရသက ခံစားချက်ကို အမိအရ ပေးနိင်တယ်

ခင်မင်တဲ့
ဗညားရှိန်