Thursday, May 24, 2012

“ကျမခရီးစဉ်မှာ ကျမကလွဲပြီး ကျန်သူအားလုံးဟာ မှတ်တိုင်များဖြစ်တယ်”


ရောဂါကျွမ်းနေပြီဖြစ်ကြောင်း အသိပေးခံရတဲ့အခါ
နာကျင်ခြင်းအား အခိုက်အတန့်သက်သာစေသော ဆေးဝါးများလည်းရှိကြောင်း
တပါတည်းအသိပေးခံရတယ် ။

မြင်ကွင်းထဲသို့ လရောင်ဆမ်းသောလမ်းကနေ ၀င်လာခဲ့တယ် ။
မြင်ကွင်းထဲကနေ အမျက်ပြင်းပြင်းထွက်လျှက် ရပ်တန့်ချန်ရစ်ခဲ့တယ် ။
မြင်ကွင်းများ တအိအိရွေ့လျားမှုပေါ်မူတည်ပြီး
ခြေရာအဟောင်းအသစ်များ ခွဲခြားအတည်ပြုရန် ခက်ခဲသွားတယ် ။


တနေ့နေ့မှာလို့ ..ကျမတို့အားလုံး လျှာအရသာခံပြောဖူးကြပါလိမ့်မယ်
သံယောဇဉ်ဟာ ကြိုးခြောက်ချောင်းနဲ့ အပိုင်ချည်ခဲ့ပုံပါပဲ ။

ခေတ်အခါအရ
ဥပေက္ခာ .. ဆိုတာ.. သိမ်မွေ့ နှူးညံ့ဆုံး ဖယ်ကျဉ်ကျောခိုင်းမှု ..
မရှိခဲ့ဘူး
မဖြစ်ခဲ့ဘူး
မချစ်ခဲ့ဘူး
မဟုတ်ခဲ့ဘူး
မျက်လုံးစုံမှတ်ပြီး အကြောက်အကန်လျောမချကြေးကွယ် ။

ကျမခရီးစဉ်မှာ ကျမကလွဲပြီး ကျန်သူအားလုံးဟာ မှတ်တိုင်များပဲဖြစ်ရတယ် ။

 မှူးဒါရီ
 by Mhu Darye on Friday, April 8, 2011 at 12:23am ·


1 comment:

EI CHAW said...

I do like it.
don't know how to explain the meaning of your poem in word. I just feel it by heart :)