Saturday, December 31, 2011

“တမင်ရှောင်ပြေးပုန်းကွယ်နေခဲ့ပါတယ် ”


မျက်ရည် ရှားတယ်
မေတ္တာ ရှာတယ်
မေတ္တာရှာတွေ့တော့
မျက်ရည်တွေပါ ပြန်ရှာတွေ့တယ် ။

အဲ့သည် မိန်းမက
အကြောင်းပြချက်တွေ အများကြီးပေးတယ်
ပခုံးပေါ်ကျနေတဲ့ သူ့ဆံနွယ်ရှည်တွေကို
သူ့ လက်ညိုးလေးနဲ့ အကြောင်းမဲ့ ကစားတယ်
အချစ်ကို ဘုရားလိုကိုးကွယ်တဲ့အကြောင်း
ဝေေ၀ဆာဆာပြောပြီး
တချက်တချက်မှာ
ရှည်လျားတဲ့မျက်တောင်တွေကြားကနေ
ရှက်ကြောက်သလို ခိုးဝှက်ကြည့်တယ်
အဲ့သည်မိန်းမခန္ဓာကိုယ်ထဲမှာ
ပလတ်စတစ်ရည်တွေခေါက်တုံ့ခေါက်ပြန်စီးဆင်းတဲ့
သွေးလွှတ်ကြော သွေးပြန်ကြောတွေရှိတယ်
စိတ်စေညွှန်ရာ လှုပ်ရှားတဲ့
နှုတ်ခမ်းပါးလေးနဲ့
ကိုယ့်ခံစားချက်ကိုယ်နားမလည်တဲ့နေရာမှာ
နှစ်ယောက်မရှိဘူး

စိတ်ချင်း ဝေးသလို
လူချင်းလည်း ဝေးတယ်
လောကမှာ ဘယ်အရာမှ မမြဲကြောင်းပြောမိတိုင်း
ခံတွင်းချဉ်တယ်
သတိသွင်းဖို့ ကြိုးစားတိုင်း
သတ္တိတွေပါ ပါသွားတယ်
ရှေ့ မတိုးဘူး
နောက်မဆုတ်ဘူး
ဘယ်မှလည်း မရောက်ဘူး
ဘာမှလည်း မလိုချင်ဘူး


မှူးဒါရီ 

2 comments:

အမရာ said...

ရှေ့ မတိုးဘူး
နောက်မဆုတ်ဘူး
ဘယ်မှလည်း မရောက်ဘူး
ဘာမှလည်း မလိုချင်ဘူး

EI CHAW said...

စိတ်ချင်း ဝေးသလို
လူချင်းလည်း ဝေးတယ်
လောကမှာ ဘယ်အရာမှ မမြဲကြောင်းပြောမိတိုင်း
ခံတွင်းချဉ်တယ်
သတိသွင်းဖို့ ကြိုးစားတိုင်း
သတ္တိတွေပါ ပါသွားတယ်
ရှေ့ မတိုးဘူး
နောက်မဆုတ်ဘူး
ဘယ်မှလည်း မရောက်ဘူး
ဘာမှလည်း မလိုချင်ဘူး