Friday, July 27, 2012

ယုံကြည်ချက်လား ... မရှိဘူးလေ




အတွေးထဲမှာ ရှိတယ် ဆိုပြီးတဲ့နောက်ပိုင်း
ဘာမှ ထပ်မပြောဖြစ်ကြတာပါပဲ ။

တွေဝေခဲ့ဖူးတယ်
မေးရမှာက.. ဆက်ပြီး တွေဝေကြမလား ဆိုတာကိုပါ .. ..။

ဘယ်တော့ ပြန်လာမလဲမှာ
ပြန်မလာဖြစ်သေးဘူးဆိုတဲ့ အိမ်ပြန်ချင်စိတ်ဟာ
သိပ်ဆွေးမြည့်စရာကောင်းတယ် ။

လူတွေကြားမှာ နေခဲ့ပါရက်
လူတောမတိုးသေးတာ ရွေးချယ်မှုလို့ပဲ ပြောကြမှာပေါ့ မေမေ.. ..

လှေနံဓါးထစ် မကျင့်နဲ့တော့လို့ ..
အဲ့ဒါမတိုင်ခင်အထိတော့ လွှတ်ချလိုက်သင့်ပြီ ဆိုတာတွေတောင်
ကျစ်ကျစ်ဆုပ်မိတယ်။

လက်သီးဆုပ်ကို ဖြည်ကြည့်မိတော့လည်း
အမှားရော အမှန်ရောဟာ ကိုယ်တိုင် ပါပဲ ။

ဘယ်ကလာသလဲ ဘယ်ကိုသွားရမလဲ
သံသရာလည်မယ် မလည်ဘူး မသေချာတာတောင်
တစ်ခုမဟုတ် တစ်ခုခုကို ရွေးချယ်ရဦးမယ် ။

'ထာဝရ ဘာမှ မမြဲဘူး' တဲ့

ဒါနဲ့များတောင် အစွဲအလမ်းကြီးတဲ့ စိတ်ဟာ
ငရဲမီးလောင်သလို .. ..၊

မငြိမ်းချမ်းဘူး ။ ။


မှူးဒါရီ

No comments: