Thursday, August 30, 2012

ပျော်သလို ၂

by Mhu Darye on Sunday, August 19, 2012 at 4:53am ·

မတော်မဆ

ဒီငြိမ်သက်နေမှုကြီး ထပေါက်ကွဲတဲ့အခါ

သေးသေးဖွဲဖွဲ လွဲချော်ခြင်းများ,အားလုံးဟာ တကယ့်ကို မတန်တဆ

ဘာမှ စိုးရိမ်စရာမရှိ၊ စိုးရိမ်မိခဲ့ရင်

ဘာကို စိုးရိမ်နေတာလဲ,ဆီ တည့်တည့်၊ စိတ်ကလည်း အလိုအလျောက်

ကွေးနေတဲ့ မျဉ်းဖြောင့်ဟာ အရင်လိုပဲ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀

အချိန်မတော်မြည်တဲ့ တယ်လီဖုန်းထဲက အချိန်မတော် သတိရတဲ့စိတ်

မီးခြစ်ရော မီးစာလေးပါ ပစ်ထည့်လိုက်ရင်

လက်ရှိအခြေအနေကနေ ၀ုန်းဝုန်းတောက်သွားမလား

ကြယ်သီးကို ကြယ်သီးပေါက်ထဲ ထည့်သွင်းသလိုမျိုး

စနစ်တကျ ရင်ကြားစေ့ထားတာ,

အကြင်နာစင်စစ်

ရောက်ရာ ဘယ်ဖက် အိတ်ကပ်ထဲ

တပါတည်း သယ်ဆောင်သွားမယ်ဆိုတာလည်း

စာလုံးပေါင်းမှားပြီး၊ ပြန်ပါမလာတော့ ။ ။



မှူးဒါရီ

No comments: