Wednesday, August 7, 2013

"၀င်ပေါက်ဟာလည်း ထွက်ပေါက် ၊ စိတ်ချလက်ချ တံခါးမရှိ"



ငါက အမှိုက်ပဲ

အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုလို့
နင့်ခေါင်းပေါ်တက်ပြီး ငါက မီးတွေရှို့ 
အိုးအို့ ပျော်စရာပါ
ယဉ်ကျေးမယ် ရိုးသားမယ်
သေသေသပ်သပ် ၀တ်မယ် စားမယ် 
ငါက ချဉ်ဖတ်ပဲ 
ချဉ်ဖတ်က ခမ်းနားပြတယ်ပဲ ဖြစ်မယ်
အိုးအို့ ပျော်စရာပါ
ငါက ကိုယ့်စိတ်ကိုယ်မပိုင်ဘူး
ထာဝရကို အယုံအကြည်မရှိဘူး 
ငါကြိုးစားကြည့်မယ်ဆိုရင် 
ဒီဖက်နားက၀င် ဟိုဖက်နားကထွက်
အလေးအနက်ကြီး 
အိုးအို့ ပျော်စရာပါ 
ငါက ခေါင်းထဲမှာ အကန့်အပျက်တွေနဲ့
ငါနင်းထားတဲ့ ပြဿဒါးကြီးက
ငါ့ဦးနှောက်ကို (ကူ)စားပါတယ်
အရည်အချင်းညံ့ဖျင်းသော ငါများ 
မေ့တတ်သော ငါများ 
ကျည်တောက်စွပ် ငါများ 
သံသရာက စက်ဝိုင်းကြီးလို လည်ပါတယ်
ငါ့မှာ တရေးနိုး ထထ ပြေးရပါတယ်
စက်ဘီးးအမှတ်နဲ့ ဘယ်သူလာလာ နင်းနေတာလဲ ။ 

အိုးအို့ ပျော်စရာပါ 


မှူးဒါရီ
April 22, 2013 at 3:53am

No comments: