Saturday, April 20, 2013

###


by Mhu Darye (Notes) on Thursday, February 7, 2013 at 12:58am
လက်သည်းတွေရှည်လာတယ်
လက်သည်းတွေ ညှပ်ပစ်လိုက်တယ်
ဆံပင်တွေရှည်လာတယ်
ဆံပင်တွေ ညှပ်ပစ်လိုက်တယ်
အရိပ်တွေရှည်လာတယ်
အရိပ်တွေကို ညှပ်ပစ်လိုက်ရမလား

မင်္ဂလာကိစ္စတွေဆို ရှေ ဆုံး က ပါ တယ်
သား၊သမီးတွေအလှည့်ကျ မြင်တောင် မမြင်သွားဘူး

အမေ့ကို သတိရလို့ ဖရဲသီးစားတယ် ။
အမေ့ကို သတိရလို့ နာနတ်သီးစားတယ် ။
အမေ့ကို သတိရလို့ နဂါးမောက်သီးစားတယ် ။
ဗိုက်ဆာလို့ အမေ့ကိုသတိရသလား အမေးခံရတယ် ။
အမေ့ကို သတိရလို့  ကျန်းမာတယ် ။

ခုနေ ကိုယ့်စိတ်သဘောထားက
ဂျင်းဘောင်းဘီနဲ့တူတယ်
နစ်ပေါင်းများစွာ လျော်ဖွတ်ခံထားရတယ်
နွမ်းပါးပေမယ့် မာရည်ကျောရည်ပဲ

နှူးညံ့မှုရယ်လို့ ကိုယ့်တစ်ကိုယ်လုံးမှာ ကိုယ်ရှာမတွေ့ဘူး ။ ။


မှူးဒါရီ

No comments: