Sunday, June 8, 2014

"ပါးစပ်တွေ အဟောင်းသား ဟ၊ အချစ်ရှိတယ်"



သေးသွယ်မှုန်ဝါးလွန်းသော သွေးကြောမျှင်ဆဲလ်များထဲ
အထက် အောက် စုန်ဆန်စီးဆင်း ပွားများမှု 
ရေလို၊ ဆီလို၊ စိမ့်စမ်းရေလို 
သွဲ့ပျောင်း ခိုင်ခံ့စွာ
မျက်လုံးတွေထဲကတင် မဟုတ် ကျွံထွက်
လောင်ကျွမ်းတယ်
စကားလုံးများမရှိ 
အိပ်ယာမ၀င်ခင်၊ အိပ်ယာထ 
အကျီ င်္အကြေ၊ ဘောင်းဘီအကြေ 
ပြည့်လျှံပြီး ကြွေကျနေတယ် 
အမှိုက်အရသာ 
အမှိုက်အရောင်အဆင်း
အမှိုက်လိုပြုံး ပြီး
ပျော်စရာတွေကို သွန်လိုက်ကြ
သွန်စရာတွေကို ပျော်လိုက်ကြ
အသစ်မလိုချင်ဘူး အဟောင်းမှ အဟောင်း
အသည်းအသန် 
သူ့ အမြစ်က 
သူ့  အကိုင်းအခက်က 
သူ့  သီးပွင့်ခြင်းက 
အသံနောက်ကို စွန့်ပြီး 
ဝေဒနာနဲ့ မမျှ
အချစ်ရှိတယ် ။ 


မှူးဒါရီ

No comments: